Healthy Life Ad
International

၃၈ နှစ်အရွယ်အမျိုးသမီးဆီက ၁၃၂ ပေါင်လေးသည့် သားဥအိမ်အကျိတ် ဖယ်ရှား

၊ ကိုထက် ၊

ခွဲစိတ်ဆရာဝန် ၂၀ ဦးက ၃၈ နှစ်အရွယ်အမျိုး သမီးဆီက ၁၃၂ ပေါင်လေးတဲ့ အကျိတ်တစ်ခုကို အချိန်ငါးနာရီကြာ ဖယ်ရှားခဲ့ရပါတယ်။ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးလူနာက ၂၀၁၇ နောက်ပိုင်းမှာ ကင်ဆာမဟုတ်တဲ့ သားဥအိမ် အကျိတ်ရှိခဲ့ပြီး တစ်ပတ်အတွင်း ၁၀ပေါင်ကြီးထွားလာတာကြောင့် ဘီးတပ်ကုလားထိုင်နဲ့ သွားလာရတဲ့အထိ ဖြစ်လာပါတယ်။ ဖေဖော်ဝါရီလမှာ အကျိတ်က ၁၃၂ ပေါင်ဖြစ်လာပြီး အစာခြေလမ်းကြောင်းကို ထိခိုက်နေခဲ့ပါတယ်။ အဲဒီအလေးချိန်ကြောင့် အမျိုးသမီးက သီတင်းပတ်များစွာ မစားနိုင်၊ လမ်းမလျှောက်နိုင် ဖြစ်လာခဲ့ပါတယ်။ သူရဲ့ ကိုယ်တွင်းအရေးကြီးအင်္ဂါ အစိတ်အပိုင်းတွေအားလုံးနီးပါး ဖိမိနေတာကြောင့် သေချာပြင်ဆင်ပြီး ခွဲစိတ်ဆရာဝန် ၂၀ ဦးက အချိန် ငါးနာရီကြာ ခွဲထုတ်ခဲ့ရပါတယ်။

ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး နှစ်ပတ်အတွင်း လူနာက ဆေးရုံကနေ ကျန်းမာရေးကောင်းစွာ ဆင်းနိုင်ခဲ့ပါတယ်။ အကျိတ်က ဘာကြောင့် ဒီလောက်မြန်မြန်ကြီးထွားလာရသလဲဆိုတာကို ခွဲစိတ်ဆရာဝန်တွေက လေ့လာနေကြပါတယ်။

“လူနာအမျိုးသမီးက ဘယ်သူမှ သူ့ကိုကူညီနိုင်မှာမဟုတ်ဘူးဆိုတဲ့ စိတ်ပျက်နေတဲ့ ပုံနဲ့ ဆေးရုံ ရောက်လာခဲ့တာပါ။ သူ့သားဥအိမ်အကျိတ်ကို ၂၅ ပေါင်လောက်ပဲရှိလိမ့်မယ်လို့ထင်ခဲ့ပေမယ့် သားဥအိမ်အကျိတ်က ၁၃၂ ပေါင်ရှိနေတာ အလွန်ရှားပါတယ်”လို့ ခွဲစိတ်ဆရာဝန်က ဆိုပါတယ်။

သားဥအိမ်အကျိတ်ရှိတဲ့အခါ ရာသီလာစဉ် ကိုက်ခဲနာကျင်တာ၊ အစာမကြေတာတို့လို မပြင်းထန်တဲ့ လက္ခဏာတွေကိုပဲတွေ့ရပြီး အကျိတ်အများစုက ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်တတ်ပါတယ်။

(Ref;DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top