Healthy Life Ad
International

တစ်နေ့ခြောက်နာရီကြာ မတ်တပ်ရပ်ခြင်းက အပိုကိုယ်အလေးချိန်များ လျှော့ချနိုင်

၊ ကိုထက် ၊

ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ပြင်းထန်တဲ့ လေ့ကျင့်ခန်း၊ စည်းကမ်းတင်းကျပ်မှု၊ စိတ်စွမ်းအားရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်း စတာတွေ လိုအပ်နေပါတယ်။ အများအားဖြင့် ဘယ်လောက်ပဲ ဝိတ်ကျချင်ပါတယ်ဆိုဆို လူအများစုက စိတ်မရှည်တဲ့အတွက် လမ်းတစ်ဝက်မှာပဲ ဝိတ်လျှော့တဲ့အစီအစဉ်ကို လက်လျှော့ပစ်လိုက်တတ်ပါတယ်။

ကိုယ်အလေးချိန်လျော့ကျဖို့ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်လျှော့တာ စတာတွေအပြင် မြန်မြန်ဝိတ်ကျစေမယ့် နည်းလမ်းတစ်ခုကို လေ့လာမှုတစ်ခုက ပြောပြလိုက်ပါတယ်။ လေ့လာမှုအရ တစ်နေ့မှာ ခြောက်နာရီကြာ မတ်တပ်ရပ်ပေးတာက ရေရှည်မှာ ကယ်လိုရီအပိုတွေကို လောင်ကျွမ်းစေတယ်လို့သိရပါတယ်။ မတ်တပ်ရပ်တာက ထိုင်တာထက် တစ်မိနစ်မှာ ဝ ဒသမ ၅ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တစ်နေ့မှာ ခြောက်နာရီထိုင်မယ့်အစား မတ်တပ်ရပ်ပေးရင် ကိုယ်အလေးချိန် ၁၄၃ ပေါင်ရှိတဲ့ လူတစ်ယောက် မှာ အပို ၅၄ ကယ်လိုရီလောင်ကျွမ်းမှုရှိတယ်လို့ သိရပါတယ်။

“မတ်တပ်ရပ်တာက ကယ်လိုရီအပိုတွေကို လောင်ကျွမ်းစေရုံသာမက အပိုကြွက်သားလှုပ်ရှာုးမှု လုပ်ဖြစ်စေတဲ့အတွက် လေဖြတ်တာ၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါအမောဖောက်တာ စတဲ့ အန္တရာယ်တွေကို လျော့ကျစေပါတယ်။ ဒါကြောင့် မတ်တပ်ရပ်တဲ့နည်းနဲ့ ကိုယ်အလေးချိန်ထိန်းသင့်ပါတယ်”လို့အမေရိကန်အခြေစိုက် မရိုဆေးခန်း ပါမောက္ခ ဖရန်စီကိုက ဆိုပါတယ်။

ကျန်းမာရေးအတွက် ကြာရှည်ထိုင်တာကို ရှောင်ရှားဖို့လိုအပ်ပြီး မတ်တပ်ရပ်ပြီး အလုပ်လုပ်တာက ကယ်လိုရီအပိုကို လောင်ကျွမ်းစေရုံသာမက ကျန်းမာရေးကိုလည်း ကောင်းမွန်စေကြောင်း လေ့လာသူတွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top