Healthy Life Ad
Health Tips

ဒူးနာနေလျှင် နောက်ပြန် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်သင့်

လှေကားပေါ်ကိုတက်တာထက် လှေကားကနေဆင်းတဲ့အချိန်မှာသင့်ဒူးတွေက ပိုမိုနာကျင်နေတယ်ဆိုရင် သင်ရဲ့ဒူးတွေကို သန်စွမ်းကျန်းမာအောင်လုပ်ဖို့လိုနေပါပြီ။ ဒူးနာသက်သာစေဖို့နည်းလမ်းတစ်ရပ်ကတော့ နောက်ပြန် လမ်းလျှောက် ပေးတာပဲ ဖြစ်တယ်လို့ တောင်အာဖရိကရှိ အားကစားသိပ္ပံပညာ ပါမောက္ခအဲလ်မာရီက ဆိုပါတယ်။ နောက်ပြန်လမ်းလျှောက်တာက ရှေ့ကို လျှောက်တာထက် ပေါင်ကြွက်သားတွေကို ပိုမိုသန်စွမ်းစေတယ်လို့ သူက ဆိုပါတယ်။ ပေါင်နဲ့ ခြေသလုံးကြွက်သားတွေ သန်စွမ်းတာကြောင့် ဒူးအဆစ်တွေခိုင်မြဲကာ နာကျင်မှုကင်းနေရတာပါ။

အဆင့် (၁) အချိန်တစ်မိနစ်လောက် ရှေ့ဘက်ကို လျှောက်ပြီး တစ်မိနစ်လောက် နောက်ပြန်လျှောက်ပါ။ မိနစ် ၃၀ လောက် လျှောက်ပေးပါ။

အဆင့်(၂) လမ်းလျှောက်တဲ့ အမြန်နှုန်းကို မြှင့်တင်ပြီး အိမ်အပြင်မှာလျှောက်ပါ။ ရှေ့ဘက်ကို လျှောက်လိုက်၊ နောက်ဘက်ကို ပြန်လျှောက်လိုက် နဲ့ အပြန်အလှန်လုပ်ကြည့်ပါ။

ဒီနည်းလမ်းဟာ ပေါင်နဲ့ခြေသလုံးကြွက်သား တွေကိုသန်စွမ်းစေပြီး ဒူးနာသက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top