Healthy Life Ad
Q & A

၀ပြီး ဒူးနာ၊ ခြေဖနောင့်နာတာတွေ ဖြစ်နေလို့ပါ . .

—–၊ ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. ကျွန်မက ဝပါတယ်။ ဆေးစစ်လိုက်တော့ သွေးထဲမှာ ကိုလက်စထရော များနေတဲ့အတွက် ဆေးတွေ သောက်နေရပါတယ်။ နောက်ပြီး ခန္ဓာကိုယ်က ဝလာတဲ့အတွက် အတက်အဆင်းလုပ်တဲ့အခါတွေမှာ ဒူးနာတာ၊ ခြေဖနောင့်နာတာတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုဆင်ခြင်ရမလဲဆရာ။ ဘယ်လိုလေ့ကျင့်ခန်းက ဒူးနာသက်သာစေနိုင်ပါသလဲ ဆရာ။
YM(FB)

A. ဝတာက မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်သလို နေထိုင်စားသောက်မှုပုံစံ (Lifestyle) ကြောင့်လည်း ဝတတ်ပါတယ်။ ဆီများတဲ့အစာ ဥပမာ ပြန်ကြော်ဆီ (Saturated Fat)တွေ များများစားရင် သွေးတွင်းကိုလက်စထရောက တက်တတ်ပါတယ်။ တချို့ လူတွေမှာဆိုရင် မဝဘဲနဲ့ သွေးတွင်းကိုလက်စထ ရောတက်နေတတ်ပါတယ်။ ဝလာရင် ခန္ဓာကိုယ်အောက်ပိုင်းက အဆစ်တွေက ကိုယ်အလေးချိန်ဒဏ် ခံရတာကြောင့် ဒူးဆစ်နာတာတွေ အဖြစ်များတတ်ပါတယ်။ ခြေဖနောင့်နာတာလည်း အဖြစ်များပါတယ်။ ဒါကြောင့် မဝခင်ကတည်းက မဝအောင် ကျင့်ကြံရတာ ပိုလွယ်ပါတယ်။ မဝခင်ကတည်းက ပိန်အောင် ထိန်းထားသင့်ပါတယ်။ ဒူးနာရင် အနေအထိုင်ပုံစံကို ပြောင်းပေးဖို့ လိုပါတယ်။ ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ရတာ၊ လှေကားအတက်အဆင်းလုပ်တာ၊ လမ်းဝေးဝေးလျှောက်တာ၊ ဒူးကွေးထိုင်တာ၊ ခုန်တဲ့လေ့ကျင့်ခန်းတွေ လုပ်တာတွေက ဒူးနာတာကို ပိုဆိုးစေနိုင်ပါတယ်။

ဒူးလေ့ကျင့်ခန်းအနေနဲ့ ဒူးကိုဆန့်ထားပြီး ပက်လက်အိပ်ရင်း ဒူးကိုအပေါ်ကို မယတဲ့ လေ့ကျင့်ခန်း၊ ထိုင်ရင်းခြေထောက်ကို အပေါ်ကိုမပြီး ဒူးကိုဖြည်းဖြည်းမ၊ ဖြည်းဖြည်းချတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ဘယ်ဘက် ၁၀ ကြိမ်၊ ညာဘက် ၁၀ ကြိမ် တစ်နေ့သုံးကြိမ်လောက် လုပ်ပေးပါ။ ဒူးနာသက်သာလာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top