Healthy Life Ad
Health Tips

ဒူးနာဝေဒနာ အလွယ်ကုထုံးများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

သိပ္ပံနည်းကျ လေ့လာထားတဲ့ သဘာဝအိမ်တွင်းကုထုံးတွေက ဒူးနာတဲ့ ဝေဒနာကို သက်သာစေတယ်လို့ သိရပါတယ်။

အနာကျက်စေသည့် အစာများ

အဆီမပါတဲ့ နွားနို့ ဒါမှမဟုတ် အဆီတစ်ရာခိုင်နှုန်းပါတဲ့ နွားနို့သောက်တာကြောင့် ဒူးဆစ်ရောင်ရမ်းနာကို သက်သာစေတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ ဗီတာမင်စီပါတဲ့ သစ်သီးတွေကို စားသူတွေက မစားသူတွေထက် ဒူးဆစ်ရောင်ရမ်းနာ လက္ခဏာသက်သာစေတယ်လို့ တခြားလေ့လာမှုတွေအရ သိရပါတယ်။ နောက်လေ့လာမှုတစ်ခုအရ တစ်နေ့မှာ ချင်း (ဂျင်း) ဖြည့်စွက်ဆေး ၅၁၀ မီလီဂရမ် မှီဝဲတာကြောင့် အဆစ်ရောင်နာရောဂါ ရှိသူတွေမှာ ဒူးနာဝေဒနာ သက်သာစေတယ်လို့ သိရပါတယ်။

စမတ်ကျသော လေ့ကျင့်ခန်း

အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာကို မရပ်လိုက်ပါနဲ့။ တက်တက်ကြွကြွ နေထိုင်တာကြောင့် ဒူးအဆစ်တွေကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ နာကျင်မှုဖြစ်ရင် ပြေးတာနဲ့ စက်နဲ့ ခြေထောက်ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းလုပ်တာကို ရှောင်ပါ။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာတို့ကို လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။

ကိုယ်အလေးချိန် လျှော့ချခြင်း

ကိုယ်အလေးချိန် များနေသူတွေအတွက် ကိုယ်အလေးချိန် တစ်ပေါင်လျော့ကျတိုင်း ဒူးပေါ်မှာ သက်ရောက်တဲ့ အလေးချိန်ငါးပေါင် လျော့ကျသွားစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေကို စားတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီနိုင်တဲ့အပြင် ဒူးနာတဲ့ ဝေဒနာသက်သာစေကြောင်း လတ်တလောလေ့လာမှုအရ သိရပါတယ်။

ရေခဲ

အေးခဲနေတဲ့ ရေခဲအိတ်ကို ဒူးပေါ်အုပ်ပေးတာကြောင့် ဒူးနာတာနဲ့ ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ဒူးနာဝေဒနာ ခံစားနေရရင် မိနစ် ၂၀ လောက် ရေခဲအုံပေးတာကြောင့် ရောင်ရမ်းမှု သက်သာလျော့ပါးစေပါတယ်။

Most Popular

Healthy Life Ad
To Top