Healthy Life Ad
Life Style

ကိုရီးယားအဆိုတော် ရိန်း၏ ကျန်းမာသန်စွမ်းခြင်းလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသား၊ အဆိုတော်၊ သီချင်းရေးဆရာ၊ မော်ဒယ်၊ ဒီဇိုင်နာဖြစ်တဲ့ ရိန်းဟာ အခုဆိုရင် အသက် ၃၅နှစ်ရှိပြီ ဖြစ်ပါတယ်။ သူရဲ့အရပ်ခြောက်ပေနှစ်လက်မနဲ့ လိုက်ဖက်ညီတဲ့ ကိုယ်လုံးကိုယ်ထည်ကို ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

Circuit Training လေ့ကျင့်ခြင်း

ရိန်းအတွက် Circuit Trai­n­ing လေ့ကျင့်ခန်းလုပ်တဲ့နည်းက သူ့ခန္ဓာကိုယ် သန်စွမ်းကျန်းမာရေးအတွက် အထူးအကူအညီပေးပါသတဲ့။ အဲဒီလေ့ကျင့်ခန်းက ခုန်တာ၊ ဆောင့်ကြောင့်ထိုင်တာ၊ အလေးမတာ စတဲ့ နည်းမျိုးစုံ ပါဝင်ပါတယ်။ ရိန်းကတော့ လက်ထောက်မှောက် လေ့ကျင့်ခန်း အကြိမ် ၅၀၊ ဆောင့်ကြောင့်ထိုင်လေ့ကျင့်ခန်း အကြိမ် ၅၀၊ ခြေထောက်မြှင့်လေ့ကျင့်ခန်း ၂၅ ကြိမ်၊ အလေးမတွန်းတဲ့ လေ့ကျင့်ခန်း အကြိမ် ၅၀၊ ဒိုက်ထိုးလေ့ကျင့်ခန်း ၂၅ ကြိမ်၊ လှဲလျောင်းရင်း ခန္ဓာကိုယ်ကွေးတဲ့ လေ့ကျင့်ခန်း အကြိမ် ၅၀ စသဖြင့် ပြုလုပ်ပါတယ်။ ဒါကိုမနားဘဲ ၃-၅ ကြိမ်လောက်တောင် ပြုလုပ်နိုင်ပါသတဲ့။ ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့ အကြိမ်တိုင်း၊ အကြိမ်တိုင်း သူရဲ့လေ့ကျင့်ခန်းလုပ်နိုင်တဲ့ စွမ်းအားတွေ ပိုတက်လာပြီး ပိုသန်စွမ်းကျန်းမာလာတယ်လို့ ဆိုပါတယ်။

စွမ်းအင်အလုံအလောက်ရရှိစေရန် ကြက်သားနှင့် ဟင်းသီးဟင်းရွက်စားခြင်း

ရိန်းက စိတ်တည်ငြိမ်ပြီး စွမ်းအင်အလုံအလောက်ရရှိစေဖို့ စားတဲ့အစာထဲမှာ ကြက်သားနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကထည့်စားပါတယ်။ ကြက်သားကို ပြုတ်စားသလို ဟင်းသီးဟင်းရွက်တွေကို ပေါင်းစားတတ်ပါတယ်။ တစ်နေ့တာမှာ သစ်သီးဝလံများများ စားတတ်သူလည်းဖြစ်ပါတယ်။ သကြားရှောင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top