Healthy Life Ad
International

ကိုရီးယားမင်းသား လီဂျောင်ဆာ့ခ်၏ ကျန်းမာရေးနှင့် အသားအရေထိန်းနည်း

၊ လရိပ်မေ ၊

ကြည့်အကောင်းဆုံး ကိုရီးယားမင်းသား ၁၀ လက်ထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ လီဂျောင်ဆာ့ခ်က ကျန်းမာကြံ့ခိုင်ပြီး နို့နှစ်ရောင်သမ်းတဲ့ အသားအရေပိုင်ဆိုင်စေဖို့ ပြုလုပ်တဲ့ထိန်းသိမ်းနည်းတွေကို အခုလိုပြောပြထားပါတယ်။

– နို့နှစ်ရောင်အသားအရေ ပိုင်ဆိုင်ခြင်းလျှို့ဝှက်ချက်

“မျက်နှာသစ်ဆေးထဲ လက်ဖက်စိမ်းမှုန့် (Green Tea Powder)ထည့်ပြီး မျက်နှာသစ်လေ့ရှိပါတယ်။ ဒါက မျက်နှာကို သေချာသန့်စင်ပြီး အသားအရေတောက်စေတာပါ”လို့ လီဂျောင်ဆာ့ခ်က ပြောပါတယ်။

– နုပျိုရခြင်း လျှို့ဝှက်ချက်

“မျက်နှာကို ဘာမှမလိမ်းဖြစ်ရင်တောင် မျက်လုံးကိုတော့ ဂရုစိုက်ပါတယ်။ မျက်ဝန်းတစ်ဝိုက်မှာ အိုင်းခရင်မ်ကို ပုံမှန်လိမ်းလေ့ရှိပါတယ်။ မျက်ဝန်းထောင့်တွေမှာ အရေးကြောင်းပါးပါးရှိလို့ သေချာထိန်းသိမ်းဖြစ်တာပါ”လို့ လီဂျောင်ဆာ့ခ်က ဆိုပါတယ်။

– လေ့ကျင့်ခန်းကို နည်းပြနှင့် စနစ်တကျလေ့ကျင့်ခြင်း

အသားအရေလှပစေတဲ့ နောက်တစ်ခုက လေ့ကျင့်ခန်းကို နည်းပြနဲ့ သေချာစနစ်တကျ ပုံမှန်ပြုလုပ်တာကြောင့် ဖြစ်တယ်လို့ လီဂျောင်ဆာ့ခ်က ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top