Healthy Life Ad
Life Style

ဂွန်ယူး ၏ ကျန်းမာစတိုင်ကျခြင်းလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသား ဂွန်ယူးကို အမြဲစတိုင်ကျကြည့်ကောင်းတယ်လို့ ပရိသတ်တွေက မှတ်ချက်ချထားပါတယ်။

ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်တဲ့ နေ့စဉ် အလေ့အထ
ဂွန်ယူးက ကျန်းမာရေးကောင်းမွန်ရတာဟာ နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းလုပ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ “လွန်ခဲ့တဲ့ ၁၆ နှစ်၊ ၁၇ နှစ်လောက်ကတည်းက လေ့ကျင့်ခန်းလုပ်ခဲ့တာပါ။ လေ့ကျင့်ခန်းလုပ်တယ်၊ သီချင်း နားထောင်တယ်”လို့ဆိုပါတယ်။

အိမ်မွေးတိရစ္ဆာန် အချစ်တော်
ဂွန်ယူးက ကြောင်လေးတွေကို သိပ်ချစ်သူပါ။ ဇွန်ဘီ အတိုက်ခံရရင် ကြောင်လေးတွေကို ကယ်တင်မယ်လို့ အင်တာဗျူးတွေမှာ မကြာခဏ ပြောလေ့ရှိပါတယ်။ ကြောင်လေးတွေကို သန့်ရှင်းရေးလုပ်ပေးရတာကိုလည်း သဘောကျတယ်လို့ သူက ဆိုပါတယ်။ ကြောင်တွေနဲ့ နေထိုင်ရတာဘဝရဲ့ စိတ်ချမ်းသာစရာအကောင်းဆုံး အချိန်ပါပဲတဲ့။

စတိုင်ကျမယ့် ဝတ်စုံဝတ်တတ်
ဂွန်ယူးရဲ့ အားသာချက်က သူ့အတွက် စမတ်ကျပြီး ဖက်ရှင်ဖြစ်မယ့် ဝတ်စုံကို ဝတ်တတ်တာပဲဖြစ်တယ်လို့ သူ့ပရိသတ်တွေကဆိုပါတယ်။ အရောင် ဖျော့ဖျော့၊ ပန်းနုရောင်၊ အသားရောင် စတာတွေကို လူငယ်ဆန်ဆန်စမတ်ကျကျ ကြည့်ကောင်းအောင် ဝတ်တတ်သူဖြစ်ပါသတဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top