Healthy Life Ad
International

ကလေးငယ်၏ မျက်နှာပေါ်ရှိ မွေးရာပါ အကျိတ်ကြီးကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့

၊ ကိုထက် ၊

မျက်နှာပေါ်မှာ မွေးရာပါ အလွန်ကြီးမားတဲ့ အကျိတ်ပါလာခဲ့တဲ့ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲလေးကို ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပြုံးရွှင်စွာကျင်းပနိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ အသက် ၄၆ နှစ်အရွယ် ဗလီကာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သူမရဲ့တတိယမြောက်ရင်သွေးငယ်လေးကို မွေးဖွားခဲ့ပါတယ်။ သူကိုယ်ဝန် ၅လရှိစဉ်ကတည်းက ရင်သွေးလေးရဲ့ ဦးခေါင်းထဲရှိပြွန်တချို့ဟာ ပုံမှန်အတိုင်း ပိတ်မသွားဘဲကျန်ရှိနေပြီး ဒီလိုဖြစ်တာကြောင့် ပုံမှန် မဟုတ်တဲ့ မွေးရာပါ အလုံးအကျိတ်ကြီးတွေ ပါးတစ်ဝိုက်မှာပါလာနိုင်မယ်လို့ ပြောပြခဲ့ပါတယ်။

ဇက်ကရီကို မွေးဖွားခဲ့ချိန်မှာတော့ ထင်ထားတာထက်ပိုဆိုးပြီး အကျိတ်ကြီးမှာနဖူးနေရာမှ စတင် ထွက်ပေါ်နေပြီး မျက်လုံးနဲ့နှာခေါင်းတွေကိုပါ ဖုံးအုပ် နေလောက်အောင် ကြီးမားနေတာကို တွေ့ခဲ့ကြရပါတယ်။

ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားလေးရဲ့ ဦးခေါင်း ဖွံ့ဖြိုးချိန်မှာဖြစ်ပေါ်လာတဲ့ပြွန်လေးတွေဟာ ပြန်ပိတ်သွားရမယ့်အချိန်မှာ ပြန်မပိတ်ဘဲ ပွင့်ပြီးကျန်ခဲ့တဲ့အခါ ဦးခေါင်းထဲက ဦးနောက်တစ်သျှူးစတွေနဲ့ တခြားအရာတွေဟာ အပြင်ဘက်ကို ကျွံထွက်လာပါတယ်။ ဦးခေါင်းခွံဖွံ့ဖြိုးလာချိန်မှာတော့ ဒီကျွံထွက်နေတဲ့ အရည်တွေဟာ မျက်နှာအပြင်နေရာတွေမှာ အလုံးအကျိတ်ကြီးအနေနဲ့ ဖြစ်ပေါ်လာပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို အမေရိကန်နိုင်ငံမှာ ကလေး ၁၂၀ဝ၀မှာ တစ်ယောက်ဖြစ်လေ့ရှိတယ်လို့ သိရပြီး ဖြစ်ရတဲ့အကြောင်းရင်းတော့ မသိရသေးပါဘူး။

လေးလခွဲအရွယ်မှာ ၁၅ ပေါင်ရှိနေတဲ့ ဇက်ကရီကို အာရုံကြောခွဲစိတ်ဆရာဝန် ဒေါက်တာချားလက်စတီဗင်နဲ့ မျက်နှာအလှပြုပြင်ခွဲစိတ်ဆရာဝန် ဘရိုင်ယန်ဘန်တို့ ဦးဆောင်ပြီး ၉ နာရီကြာခွဲစိတ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

” ခွဲစိတ်မှုအဆင့်တွေက အလွန်များလှပါတယ်။ ကလေးလေးရဲ့ ဦးခေါင်းခွံကိုဖွင့်ရပါတယ်၊ ဦးနှောက်အစိတ်အပိုင်းတွေကို ဖြတ်စရာရှိတာဖြတ်၊ ချုပ်စရာရှိတာချုပ်နဲ့ ပြုပြင်ရပါတယ်၊ ပွင့်နေတဲ့ပြန်တွေအပေါက်တွေကို ပိတ်ရတယ်၊ ဦးနှောက်၊ အာရုံကြောနဲ့ ဦးခေါင်းခွံတွေကို ပုံစံပြင်ပြီး ပြန်ပိတ်ရတယ်၊ ပိုထွက်နေတဲ့ အကျိတ်လုံးကြီးကို ဖယ်ရှားတယ်၊ နောက်ဆုံးမျက်နှာပြုပြင်မှုတွေလည်း ပြုလုပ်ပေးခဲ့ရပါတယ်။ ဒီခွဲစိတ်မှုဟာ အသက်အန္တရာယ်လည်း အလွန်များပါတယ်”လို့ ခွဲစိတ်မှုဦးဆောင်သူ ဒေါက်တာချားလက်က ပြောပြခဲ့ပါတယ်။

ဇက်ကရီကို ဦးနှောက်ခွဲစိတ်စဉ်ကစပြီး အသက်ရှူပိုက်ထည့်ပေးထားကာ ၂၃ နာရီ အထူးကြပ်မတ်ဆောင်အတွင်း စောင့်ကြည့်ပြီးနောက် စိတ်ချရတဲ့အနေအထားရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ဇက်ကရီရဲ့ ဦးနှောက်တစ်သျှူးတချို့ကို ဖယ်ရှားခဲ့ရတဲ့အတွက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နောက်ဆက်တွဲကြီးထွားဖွံ့ဖြိုးမှု ပြဿနာတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top