Healthy Life Ad
International

ကာရာအိုကေဆိုရင်း ဦးနှောက်သွေးကြောပေါက်ရာက ၂၈ နှစ်အရွယ် စင်ကာပူမော်ဒယ်သေဆုံး

၊ ကိုထက် ၊

အသက် ၂၈ နှစ်အရွယ် စင်ကာပူနိုင်ငံသူ မော်ဒယ်ကာရန်စတယ်လာဝေါင်းဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ကာရာအိုကေသီဆိုရင်း ခေါင်းကိုက်ဝေဒနာနဲ့အတူ ကိုယ်တစ်ခြမ်းရုတ်တရက် ထုံကျဉ်လာခဲ့ပါတယ်။

ရုတ်တရက်မူးလဲသွားတဲ့အတွက် စင်ကာပူ အထွေထွေဆေးရုံကို ပို့ဆောင်ခဲ့တဲ့အခါ ကိုမာဝင်သွားပြီး သုံးရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကာရန်စတယ်လာဟာ မသေခင်ကတည်းက ကျောက်ကပ်နဲ့အသည်းကို လှူဒါန်းထားသူပါ။

ကာရန်သေဆုံးရခြင်းနဲ့ပတ်သက်ပြီး သီချင်းကိုအသံကျယ်ကျယ် ဟစ်အော်သီဆိုခဲ့တာကြောင့် ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး ဦးခေါင်းခွံအတွင်း သွေးထွက်များလို့ ဖြစ်ရတယ်လို့ ကာရန်ရဲ့ဖခင်က ဆိုပါတယ်။

မိသားစုမျိုးရိုးထဲမှာ ရုတ်တရက် ဦးနှောက်သွေးကြောပေါက်တဲ့ ရာဇဝင်မရှိသလို သူကလည်း သာမန်လူတွေလိုပဲ ခေါင်းကိုက်ဝေဒနာ ဖြစ်တာပဲ ရှိဖူးပါတယ်လို့ဖခင်ဖြစ်သူက ဆိုပါတယ်။

တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ ကာရန်စတယ်လာလှူဒါန်းထားတဲ့ ကျောက်ကပ်နဲ့ အသည်းကို လူနာသုံးဦးထံအစားထိုးဖို့ စီစဉ်ထားကြောင်းနဲ့ အနည်းဆုံးလူသုံးဦးအသက်ကို ကယ်တင်နိုင်မှာ ဖြစ်တဲ့အတွက် ဝမ်းနည်းကြေကွဲမှုတွေကြားက ကျေနပ်မိကြောင်း ဖခင်ဖြစ်သူက ပြောထားပါတယ်။

(Ref;Straitstimes)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top