Healthy Life Ad
Life Style

သင့်တစ်နေ့တာကို မှန်မှန်ကန်ကန်စတင်နိုင်မည့် နည်းလမ်းကောင်းများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

“ဒီတစ်နေ့လုံး အဆင်မပြေတာမှ မိုးလင်းကတည်းကပဲ” ဒီလိုစကားမျိုးမကြာခဏပြောနေမိပြီလား။ ဒါဆိုရင်တော့ တစ်နေ့တာရဲ့ အစောဆုံးဖြစ်တဲ့ နံနက်ခင်းကို မှန်မှန်ကန်ကန်စတင်ဖို့လို အပ်နေပါပြီ။

(၁) Snooze ခလုတ်မနှိပ်ရ

မနက်ခင်း နိုးစက်မြည်တဲ့အခါ မထချင်သေးလို့ Snooze ခလုတ်ကို မနှိပ်လိုက်ပါနဲ့။ အဲဒါက ပိုပြီး ပျင်းရိလေးတွဲစေသလို ပိုပင်ပန်းစေပါတယ်။ နိုးပြီး ပြန်အိပ်တာမျိုးလုပ်မယ့်အစား ခပ်မြန်မြန်ထလိုက်တာက စိတ်ခံစားမှု ပိုကောင်းစေပါတယ်။

(၂) ရေသောက်ပါ

မနက်အိပ်ရာထတာနဲ့ ရေတစ်ဖန်ခွက် အပြည့်သောက်လိုက်တာက ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝစေသလို စိတ်ကိုလန်းသွားစေပါတယ်။ ဝမ်းလည်း မှန်မှန်သွားစေပါတယ်။

(၃) စာဖတ်ပါ

စာဖတ်တာက စိတ်အားထက်သန်စေပြီး ကြိုးစားချင်စိတ်ပြင်းပြလာစေပါတယ်။ မနက်ခင်းမှာ သတင်းစာဖတ်တာ၊ ဂျာနယ်ဖတ်တာတို့ လုပ်ပေးပါ။ ဗဟုသုတရစေသလို အမြင်ကျယ်စေပါတယ်။

(၄) ယောဂကျင့်ပါ

ယောဂကျင့်တာကြောင့် စိတ်ခံစားမှုကောင်းစေပြီး ဦးနှောက်ထဲက အင်ဒေါ်ဖင်ဓာတ်ထွက်စေကာ အာရုံစူးစိုက်နိုင်စွမ်းကောင်းမွန်စေပါတယ်။ ယောဂကျင့်တာကြောင့် အသက်ရှူသွင်း/ရှူထုတ်တာ၊ ကြွက်သားဆွဲဆန့်တာတို့မှာ အားကောင်းစေပြီး တစ်နေ့လုံး စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။

(၅) အခက်ခဲဆုံးအရာကို အရင်ဆုံးလုပ်ဆောင်ပါ

တစ်နေ့တာ လုပ်ရမယ့်အရာတွေကို ချရေးကြည့်လိုက်ပါ။ အခက်ဆုံးနဲ့ အပျင်းဆုံးအရာကို အရင်ဆုံးလုပ်လိုက်ပါ။ အရာရာက တစ်နေ့လုံး ကြန့်ကြာမှုမရှိဘဲ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top