Healthy Life Ad
Health Tips

ရေသောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူး ၁၀

ရေက လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့အရာဖြစ်ပြီး ရေသောက်တာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာထဲက ၁၀ ချက်ကို မျှဝေပေးလိုက်ပါတယ်။

(၁) ခံတွင်းအနံ့ဆိုးထွက်တာကို ဖြေရှင်းပေးနိုင်ပါတယ်။

(၂) ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

(၃) အူမကြီးကင်ဆာ၊ ဆီးအိတ်ကင်ဆာစတဲ့ ကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်။

(၄) ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။

(၅) အစာကြေညက်စေပြီး ဝမ်းချုပ်တဲ့ ဝေဒနာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) ခေါင်းမကြည်ချိန်၊ အာရုံနောက်ချိန်နဲ့ စိတ်ပင်ပန်းချိန် ရေသောက်လိုက်ရင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

(၇) နုံးချည့်ညောင်းညာ ပင်ပန်းတဲ့ဝေဒနာကို သက်သာစေပြီး လန်းဆန်းစေပါတယ်။

(၈) ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ ခေါင်းကိုက်တာကို သက်သာလျော့ပါးစေပါတယ်။

(၉) အသားအရေကျန်းမာကြည့်ကောင်းပြီး နုပျိုကြည်လင်စေပါတယ်။

(၁၀) အဆီပိုကင်းပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top