Healthy Life Ad
International

တစ်နှစ်ကျော်ကြာ ဗိုက်အောင့်နေခဲ့သည့် အမျိုးသမီးဗိုက်ထဲမှ သည်းခြေကျောက် ၁၄၈ လုံး ဖယ်ထုတ်

၊ လရိပ်မေ ၊

အမျိုးသမီးတစ်ယောက်ရဲ့သည်းခြေအိတ်ထဲက ပြောင်းဖူးစေ့အရွယ် သည်းခြေကျောက် ၁၄၈ လုံးကို ဆရာဝန်တွေက ဖယ်ထုတ်ပေးခဲ့ရပါတယ်။ အသက် ၄၀နဲ့ ၅၀ကြားအရွယ်လို့ထင်ရတဲ့ ဟူမာဘိုင်က ဝမ်းဗိုက်အောင့်တဲ့ဒဏ်ကို တစ်နှစ်ကျော်ကြာ ခံစားခဲ့ရတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဟူမာဘိုင်က အိန္ဒိယရှိ ဂျီ ဗန်ယိုတီဆေးရုံသို့တက်ခဲ့ရာ သူ့သည်းခြေအိတ်ထဲမှာ သည်းခြေကျောက်အစုအဝေးကြီးရှိနေတာကို ဆရာဝန်တွေ တွေ့ရှိခဲ့ပါတယ်။

အဆီအအိမ့်စာတွေ အစားများတာကြောင့် သည်းခြေကျောက်တွေ ဖြစ်ပေါ်ရတယ်လို့ ဟူမာဘိုင်ကထင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အခြေအနေဘယ်ကြောင့် ဒီလောက်အထိ ဖြစ်ရတယ်ဆိုတာ သေချာမသိသေးပါဘူး။ တကယ်လို့ သည်းခြေကျောက်တွေထဲက တစ်လုံးလုံးသာ သည်းခြေလမ်းကြောင်းကို ပိတ်ဆို့သွားရင် ပြင်းထန်တဲ့ မသက်မသာဝေဒနာကို ဖြစ်စေနိုင်ပါတယ်။

“တစ်နှစ်ကျော်ကြာ ဗိုက်အောင့်နေခဲ့တယ်လို့ သူက ဆိုပါတယ်။ အရင်က ဆရာဝန်အမျိုးမျိုးနဲ့ ပြခဲ့ပေမယ့် ဘယ်သူကမှ အထူးအာထရာဆောင်းနဲ့ စစ်ဆေးမှုမလုပ်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကမှ ဆေးရုံရောက်လာတော့ သွေးစစ်ဆေးမှု အပါအဝင် စစ်ဆေးမှု အတော်များများပြုလုပ်ခဲ့တဲ့အခါ ပုံမှန်လို့ ပြသခဲ့ပါတယ်။ ဒါပေမဲ့ အထူးအာထရာဆောင်းနဲ့ စစ်ဆေးခဲ့တဲ့အခါ သည်းခြေအိတ်ထဲမှာ ကျောက်တွေအများကြီးရှိတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်နာရီခွဲကြာ ခွဲစိတ်မှုပြုလုပ်ပြီး သည်းခြေကျောက်တွေကို တစ်ခုချင်း ဖယ်ထုတ်ခဲ့ရပါတယ်”လို့ ခွဲစိတ်မှုဦးဆောင်သူ ဒေါက်တာမာကပ်စ်က ဆိုပါတယ်။ သည်းခြေကျောက်တွေရဲ့ အရွယ်အစားက ၄-၆ မီလီမီတာကြီးပြီး နောက်ထပ်စမ်းသပ်စစ်ဆေးမှု ပြုလုပ်ဖို့စီစဉ်နေကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top