Healthy Life Ad
International

ဆံပင်ကျွတ်သည့် ဦးရေပြားရောဂါတစ်မျိုး ကုသအောင်မြင်ခဲ့ပြီး အများအားကျရသည့် ဆံကေသာအလှပိုင်ရှင်ဖြစ်လာ

၊ ကိုထက် ၊

အသက် ၁၈ နှစ်အရွယ်မှာ အနာစတေးစီးရား ရဲ့ ဆံပင်တွေ စတင်ကျွတ်ခဲ့ပါတယ်။ ဆံပင်ကျွတ်ထိပ်ပြောင်စေတဲ့ ဦးရေပြားရောဂါတစ်မျိုး ဖြစ်နေတယ်လို့ သိခဲ့ပြီးနောက် ဆံပင်ထိန်းသိမ်းနည်းကို စတင်ပြုလုပ်ခဲ့ပါတော့တယ်။

ရလဒ်ကတော့ တကယ်ကို အံ့အားသင့်စရာပါပဲ။ ငါးနှစ်ကြာပြီးချိန်မှာ သူ့ဆံပင်က ခါးကိုတောင် ပတ်လို့ရအောင် ထူထဲလွန်းတဲ့အတွက် အင်စတာဂရမ်မှာ ဖော်လိုဝါသုံးသိန်းခွဲတောင် ရှိနေခဲ့ပါတယ်။

အနာစတေးစီးရားက သူရဲ့ ဆံပင်ထိန်းသိမ်းနည်းအတွေ့အကြုံတွေကို မျှဝေထားပါတယ်။ အဲဒါတွေကတော့-
အစားအသောက်ကို မျှတအောင်စားပါ၊ အစားလျှော့တာကို စွန့်လွှတ်လိုက်ပါ။
စိတ်ဖိစီးမှုကို ရှောင်ကြဉ်ပါ။
ကိုယ့်ဆံပင်အမျိုးအစားနဲ့ သင့်တော်လိုက်ဖက်တဲ့ ဆံပင်ထိန်းပစ္စည်းတွေကို ရှာဖွေသုံးစွဲပါ။
တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်ခန့် ဆံပင်ကို ပေါင်းတင်ပေးပါ။
မတူညီတဲ့ ဆီတွေကို ပြောင်းသုံးပါ။ ဆံပင်သားအတွက် အကောင်းဆုံးဆီကတော့ ထောပတ်ဆီပဲ ဖြစ်ပါတယ်။
ဆံပင်အဖျား နှစ်ခွဖြစ်နေတာတွေကို ညှပ်ထုတ်ပစ်ပါ။
ဆံပင်ကို အချိန်မီ ခေါင်းလျှော်ပါ။ ဆံပင်ကို ကိုယ့်ဘာသာခြောက်အောင် အရင်သုတ်ပါ။ ၆၀ ရာခိုင်နှုန်းလောက် ဆံပင်ခြောက်မှသာ လေမှုတ်စက်နဲ့ အခြောက်ခံပြီး ခေါင်းဖြီးပါ။

ဆံပင်က ပုံမှန်ထက်ပိုကျွတ်တယ် (တစ်နေ့ ဆံပင် ၅၀ဝနဲ့ ၁၀ဝ ကြားကျွတ်တာက ပုံမှန်ပါ)ထင်ရင် ကျွမ်းကျင်သူဆီက အကြံဉာဏ် တောင်းယူပါ။
ဒီလိုနည်းလမ်းတွေကို စနစ်တကျလိုက်နာခဲ့တဲ့ အနာစတေးစီးရားက ဆံပင်ကျွတ်တဲ့ ရောဂါကုသအောင် မြင်ခဲ့တဲ့အပြင် အခုအခါမှာ အမျိုးသမီးတိုင်းအားကျရတဲ့ ဆံကေသာ အလှပိုင်ရှင်လည်း ဖြစ်လို့နေပါပြီ။

(Ref;Brightside)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top