Healthy Life Ad
Health Tips

ပါးစပ်ထဲ အနီဖုဖြစ်ခြင်း

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

နှုတ်ခမ်းအတွင်းသားမှာ အနီပြင်လေးပေါ်လာတဲ့အခါ ရက်အနည်းငယ်အတွင်း သူ့အလိုလို သက်သာသွားနိုင်ပါတယ်။ အခန့်မသင့်ရင် အနီကြည်ဖုလေးက ပေါက်ပြဲသွားတာလည်း ဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှုများတဲ့အခါ ဖြစ်တတ်သလို အစာနဲ့ဓာတ်မတည့်တဲ့အခါမှာလည်းဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့ အခါ နာကျင်မှုခံစားရရင် သက်သာစေဖို့ သဘာဝကုထုံးတွေကို မျှဝေပေးလိုက်ပါတယ်။

သဘာဝကုထုံး (၁) သုံးပြီးသား လက်ဖက်အိတ်ကပ်ပါ
သုံးပြီးသား လက်ဖက်အိတ်လေးကို ခံတွင်းထဲက အနီရောင်အရည်ကြည်ဖုလေးပေါ် ဖိတင်ပေးရမှာ ဖြစ်ပါတယ်။ လက်ဖက်အိတ်မှာ တန်နင်ဓာတ် ပါဝင်မှုများတာကြောင့် သွေးကြောတွေကို ကျဉ်းစေပါတယ်။ မသုံးခင် လက်ဖက်အိတ်ကို ရေခဲသေတ္တာထဲထည့်ထားပါ။

သဘာဝကုထုံး (၂) သခွားသီးစိတ်အေးအေးကို ကပ်ပေးပါ
သခွားသီးစိတ်ကို အရည်ကြည်ဖုပေါ် တင်ပေးရင် သွေးကြောတွေကို အမြန်ကျဉ်းစေပါတယ်။ သခွားသီးကို မသုံးခင် ရေခဲသေတ္တာထဲ ထည့်ထားပေးရပါမယ်။

သဘာဝကုထုံး (၃) ရှားစောင်းလက်ပပ်အနှစ်သား သုတ်ပေးပါ
ရှားစောင်းလက်ပပ်အနှစ်ကို ယူပြီး အရည်ကြည်ဖုပေါ် တင်လိမ်းလိုက်ပါ။ အချိန်နှစ်မိနစ်ကြာမှ ရေနဲ့ ဆေးကြော လိုက်ပါ။ တစ်နေ့ သုံးကြိမ်ပြုလုပ်ပေးရင် အာနိသင်ကို မြန်မြန်တွေ့ရပါလိမ့်မယ်။

သဘာဝကုထုံး (၄) ဗီတာမင်အီးလိမ်းပါ
ဗီတာမင်အီးဆေးတောင့်ထဲကအနှစ်ကို ဖောက်ယူပြီး အရည်ကြည်ဖုပေါ်သုတ်လိမ်းပေးပါ။

သဘာဝကုထုံး (၅) နနွင်းမှုန့်လိမ်းပါ
နနွင်း လက်ဖက်စားဇွန်း လေးပုံတစ်ပုံထဲ ရေတစ်စက်-နှစ်စက်ခန့်ထည့် ဖျော်ပြီး အရည်ကြည်ဖုပေါ်လိမ်းပေးရင် အနာကျက်မြန်စေပါတယ်။ ပလုတ်ကျင်းစရာ မလိုပါဘူး။

သဘာဝကုထုံး (၆) ရေခဲကပ်ပါ
ခံတွင်းထဲက အရည်ကြည်ဖုပေါ် ရေခဲကပ်ပေးရင် ထိခိုက်နေတဲ့ သွေးကြောတွေကို ကျဉ်းစေပြီး နာကျင်မှု သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top