Healthy Life Ad
Health Tips

အမျိုးသမီးတို့ သွေးဆုံးချိန် ကိုယ်အလေးချိန်တက်ခြင်းကို ရှောင်လွှဲနိုင်စေရန်

၊ ငွေကြယ်စင်ယံ ၊

သွေးဆုံးချိန်မှာ မြင့်တက်လာတဲ့ ကိုယ်အလေးချိန်ကြောင့် အမျိုးသမီးအများစုဟာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

(၁) တစ်နေ့ အစာနည်းနည်းနှင့် မကြာခဏစားပါ

တစ်နေ့မှာ ထမင်းဟင်းပမာဏများများကို သုံးကြိမ်စားမယ့်အစား နည်းနည်းချင်းစီ ၆-၇ ကြိမ်လောက်စားပေးပါ။ အစာစားတိုင်း ကြေညက်တဲ့အထိ ဝါးစားပေးပါ။ အစာစားတဲ့အခါ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစတာတွေကို များများပါအောင်စားပြီး ငါး၊ ပုဇွန်စတဲ့ ပင်လယ်စာတွေကို အသင့်အတင့်စားပါ။ ထမင်း၊ ခေါက်ဆွဲစတဲ့ ကောက်နှံစာတွေကို နည်းနည်းပဲထည့်စားပါ။ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်အစား ရေကို များများသောက်ပေးပါ။

(၂) ကယ်လိုရီရယူမှုကို ဆင်ခြင်ပါ

ကိုယ်အလေးချိန် တက်မှာစိုးလို့ အစားအသောက်တိုင်းကို ရှောင်ဖို့ မလိုပါဘူး။ စားချင်တဲ့အစာကို စားပါ။ ဒါပေမဲ့ ကယ်လိုရီများတဲ့ အစာတွေကို ဆင်ခြင်ပါ။ ဥပမာ မုန့်ဟင်းခါးစားချင်ရင် မုန့်ဟင်းခါးကို အသင့်အတင့်စားပါ။ ဒါပေမဲ့ ပဲကြော်၊ ဘူးသီးကြော်စတဲ့ အကြော်စာတွေ ထည့်စားလိုက်ရင် ကယ်လိုရီရရှိမှု အလွန်များသွားတတ်ပါတယ်။ ဒါကို ဆင်ခြင်ဖို့ လိုအပ်ပါတယ်။

(၃) အခွင့်အရေးရတိုင်း ခန္ဓာကိုယ်လှုပ်ရှားပါ

ကိုယ်အလေးချိန် မတက်စေဖို့အတွက် အခွင့်အရေးရရင်ရသလို ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဥပမာ အထပ်မြင့်ကိုတက်ချင်ရင် ဓာတ်လှေကားသုံးမယ့်အစား ရိုးရိုးလှေကားနဲ့ပဲတက်တာ၊ ဈေးဝယ်ရာမှာ လမ်းလျှောက်ပြီးသွားတာ စတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ရင်း ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top