Healthy Life Ad
International

လေထုညစ်ညမ်းမှုကြောင့် ကလေးဦးနှောက် ထိခိုက်စေနိုင်

၊ ကိုထက် ၊

အသက်တစ်နှစ်အောက် ကလေး ၁၇ သန်းက အဆိပ်အတောက်ရှိတဲ့လေကို ရှူရှိုက်ရတာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်စေတယ်လို့ UN ကလေးသူငယ်အေဂျင်စီက သတိပေးပြောကြားလိုက်ပါတယ်။

တောင်အာရှက ကလေးတွေဟာ အဆိုးဆုံး ထိခိုက်နေကြပြီး လေထုညစ်ညမ်းမှုများတဲ့ ဒေသမှာ နေထိုင်တဲ့ ကလေး ၁၂ သန်းကျော်က အန္တရာယ်ကင်းတဲ့ ဒေသမှာ နေထိုင်သူတွေထက် ခြောက်ဆပိုပြီး အန္တရာယ်များတယ်လို့ဆိုပါတယ်။ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသမှာနေတဲ့ ကလေးလေးသန်းလောက်မှာလည်း အန္တရာယ်ရှိနေပါသေးတယ်။

ညစ်ညမ်းတဲ့ လေထုကိုရှူရှိုက်တာကြောင့် ဦးနှောက်တစ်သျှူးတွေကို ထိခိုက်စေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းဆိုင်ရာ ဖွံ့ဖြိုးမှုကို လျော့ကျစေတယ်လို့ ယူနီဆက်က ဆိုပါတယ်။

ကလေးတွေအတွက် လေထုညစ်ညမ်းမှုမြင့်မားချိန်အတွင်း ခရီးမသွားကြဖို့နဲ့ နှာခေါင်းစည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတပ်ဆင်ကြဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

တရုတ်ပြည်မြောက်ပိုင်းမှာ လေထုညစ်ညမ်းမှုကြောင့် ဘဝသက်တမ်း သုံးနှစ်ယုတ်လျော့တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။
လန်ဒန်က သီးခြားလေ့လာမှုတစ်ခုအရ ညစ်ညမ်းတဲ့ လေထုမှာ မွေးဖွားလာကြသူတွေက ပေါင်မပြည့်တာနဲ့ ဆက်စပ်နေပြီး နောင်အရွယ် ရောက်ချိန်မှာ ရောဂါဝေဒနာတွေဖြစ်နှုန်း မြင့်မားတယ်လို့လည်း သိရပါတယ်။

(Ref;BBC)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top