Healthy Life Ad
Health Tips

ဒိန်ချဉ်၏ဆေးဖက်ဝင်စွမ်းပကား

၊ ဇွန် ၊

(၁) အစာကြေညက်စေပါတယ်။ ဒိန်ချဉ်သောက်ရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ လေထတာနဲ့ လေချဉ်တက်တာစတဲ့ အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။

(၂) ဆဲလ်အဆင့်မှာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၃) ဒိန်ချဉ်ထဲက အကျိုးပြုဘက်တီးရီးယားဟာ မှိုစွဲဝေဒနာကို သက်သာစေပါတယ်။

(၄) ဒိန်ချဉ်ထဲမှာ အကျိုးပြုဘက်တီးရီးယား၊ ကယ်လ်စီယမ်စတာတွေ ပါဝင်တဲ့အတွက် မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ အမျိုးသမီးတွေ ခံစားရတဲ့ ရာသီအကြိုဝေဒနာကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်တာနဲ့ စိတ်ဓာတ်ကျတာတို့ကို သက်သာစေပါတယ်။

(၅) ဆံပင်သားတွေကို ဒိန်ချဉ်လိမ်းပေးရင် ဆံကေသာကို ကွန်ဒီရှင်နာလိမ်းသလို ချောမွေ့စေပါတယ်။

(၆) အရေပြားပေါ် ဒိန်ချဉ်လိမ်းပေးရင် အရေပြားတောက်ပစေပါတယ်။ ဒိန်ချဉ်ဟာ ဝက်ခြံအဖုအပိမ့်နဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top