Healthy Life Ad
Health Tips

ငှက်ပျောသီးမှည့်နဲ့ ငှက်ပျောသီးအစိမ်း ဘာကိုရွေးမလဲ…

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါဝင်မှု မြင့်မားပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ ဗီတာမင်ဘီနဲ့ ဗီတာမင်စီ အပါအဝင် ဗီတာမင်အမျိုးမျိုး၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်မှုများပါတယ်။ ငှက်ပျောသီးဟာ ကယ်လိုရီ ၉၀ ပဲပါတဲ့ သရေစာတစ်မျိုးဖြစ်ပါတယ်။ တချို့က ငှက်ပျောသီးဆို မှည့်မှကြိုက်တယ်၊ တချို့က မမှည့်တမှည့်အခြေအနေ ခပ်မာမာလေးကိုကြိုက်တယ်။ အဲဒီနှစ်ခု ဘာကွာလဲလေ့လာကြည့်ရအောင်။

– ငှက်ပျောသီးမှည့်

ငှက်ပျောသီးမှည့်က မမှည့်သေးတဲ့ ငှက်ပျောသီးထက် ပိုပြီးအစာကြေလွယ်ပါတယ်။ သကြားဓာတ်ပါဝင်ပေမယ့် စားသင့်တဲ့အသီးပါ။ ကင်ဆာကို ဟန့်တားပေးတဲ့ အစွမ်းရှိပြီး ထိခိုက်နေတဲ့ဆဲလ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

– မမှည့်သေးသည့် ငှက်ပျောသီး

မမှည့်သေးတဲ့ ငှက်ပျောသီးမှာ ကစီဓာတ်ပါဝင်မှုမြင့်မားပါတယ်။ သူ့မှာပါတဲ့ ကစီဓာတ်က ဆီးချိုရောဂါရှိသူတွေအတွက် သင့်တော်တဲ့အမျိုးအစားပါ။ မမှည့်သေးတဲ့ ငှက်ပျောသီးမှာ အကျိုးပြုဘက်တီးရီးယားပါဝင်တာကြောင့် အူမကြီးကို ကျန်းမာစေပါတယ်။ မမှည့်သေးတဲ့ ငှက်ပျောသီးအစိမ်းစားတာက အာဟာရစုပ်ယူမှု၊ အထူးသဖြင့် ကယ်လ်ဆီယမ်စုပ်ယူမှုဆိုင်ရာ ပြဿနာရှိသူတွေအတွက် သင့်တော်ပါတယ်။

– ငှက်ပျောသီးမှည့်နှင့် မမှည့်သေးသည့် ငှက်ပျောသီး

မှည့်တဲ့ငှက်ပျောသီးအခွံမှာ အမည်းကွက်လေးတွေပါပေမယ့် ဒါက ပိုပြီးကျန်းမာရေးအကျိုးရှိပါတယ်။ မမှည့်သေးတဲ့ ငှက်ပျောသီးကို အေးမြခြောက်သွေ့တဲ့နေရာ ဒါမှမဟုတ် ရေခဲသေတ္တာထဲထည့်ပြီး မှည့်အောင်အုံးထားနိုင်ပါတယ်။

မှည့်တဲ့ ငှက်ပျောသီးမှာ အင်တီအောက်ဆီးဒင့်ပါဝင်ပြီး မမှည့်တဲ့ ငှက်ပျောသီးမှာ အင်တီအောက်ဆီးဒင့် များများမပါဝင်ပါဘူး။ ငှက်ပျောသီးမှည့်လာတဲ့အခါ အင်တီအောက်ဆီးဒင့်အဆင့်က တဖြည်းဖြည်းတိုးလာတတ်ပါတယ်။ ငှက်ပျောသီးအစိမ်းစားပြီး လေပွတာနဲ့လေထတာဖြစ်ရင် သင်ကငှက်ပျောသီးအစိမ်းကို ခံနိုင်ရည်မရှိသူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top