Healthy Life Ad
Health Tips

ငှက်ပျောခွံ၏ အံ့ဖွယ်ကောင်းကျိုးများ

———၊ ငွေကြယ်စင်ယံ ၊———

သွားများကို တောက်ပစေခြင်း

နေ့တိုင်း ငှက်ပျောခွံကို သွားတွေပေါ်မှာ တစ်မိနစ်ခန့် အချိန်ပေးပြီး ပွတ်တိုက်ပေးတာကြောင့် သွားတွေကို ဖြူစင်စေပါတယ်။

ဝက်ခြံသက်သာခြင်း

ငှက်ပျောခွံကို မျက်နှာပေါ်ကပ်ပြီး နှိပ်ပေးပါ၊ ဝက်ခြံတွေကို သက်သာစေပါတယ်။ တစ်ပတ်အတွင်းရလဒ်က သိသာမှာဖြစ်ပါတယ်။

အရေးကြောင်း လျော့ပါးခြင်း

ငှက်ပျောခွံကို မျက်နှာအသားအရေအပေါ် ကပ်ပေးတာကြောင့် အသားအရေကို စိုပြည်စေပါတယ်။ ပြုလုပ်ရမယ့်နည်းက ကြက်ဥအနှစ်တစ်လုံးနဲ့ ကြိတ်ချေထားတဲ့ ငှက်ပျောခွံကို ရောမွှေပြီး မျက်နှာပေါ်မှာ သုတ်လိမ်းပေးရမှာပါ။ အချိန်ငါးမိနစ်ကြာမှ ရေနဲ့ဆေးချရမှာ ဖြစ်ပါတယ်။

ဆိုးရီးယေးစစ်ကို အနာကျက်စေခြင်း

ငှက်ပျောခွံကို ဆိုးရီးယေးစစ် အနာဖြစ်ဖူးတဲ့ အရေပြားနေရာမှာ သုတ်လိမ်းပေးပါ။ ငှက်ပျောခွံမှာ အစိုဓာတ်ထိန်း အာနိသင်ရှိတာကြောင့် ယားယံမှုကို လျော့ပါးစေပါတယ်။

Most Popular

Healthy Life Ad
To Top