Healthy Life Ad
Q & A

ရေပူစက်ကြောင့် ဖြစ်တတ်သည့် ဆိုးကျိုးများ

မေး ။ ရာသီဥတုအေးမြတဲ့အခါ ရေအေးမချိုးနိုင်တဲ့အတွက် ရေပူပေးစက်တွေကို တပ်ဆင်အသုံးပြုလာကြပါတယ်။ တချို့ရေပူပေးစက်တွေက ဓာတ်ငွေ့ (Gas)နဲ့ ပြုလုပ်ထားတဲ့အတွက် ကျန်းမာရေးအတွက် ထိခိုက်စေနိုင်ပါသလား ဆရာ။
မေလမင်း(Fb)

ဒေါက်တာကျော်စွာဦး(ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း၊ တာဝန်ခံ) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ တချို့သော ရေပူပေးစက်တွေက ဓာတ်ငွေ့ (Gas)နဲ့လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ရေပူပေးစက်တွေက အမြဲတမ်း အန္တရာယ်ရှိနေတာတော့ မဟုတ်ပါဘူး။ အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတော့ရှိပါတယ်။ အထူးသဖြင့် ဓာတ်ငွေ့နဲ့ လုပ်ထားတဲ့ ရေပူပေးစက်တွေသုံးရင် အကြောင်းကြောင်းကြောင့် ဓာတ်ငွေ့တွေက အိုးထဲကနေ စိမ့်ထွက်တတ်တယ်။ အဲဒီအခါ ကာဗိုမိုနော့ဆိုက် ထွက်လာတတ်ပါတယ်။ ကာဗိုမိုနော့ဆိုက် ထွက်လာရင် မူးစေတယ်၊ ရင်ဘတ်အောင့်လာတယ်၊ တချို့ဆိုရင် ပစ်လဲသွားတတ်တယ်၊ တချို့ဆိုရင် ရှူဖန်များလို့ အသက်တောင် သေဆုံးနိုင်တယ် . . နောက်တစ်ခုက ဓာတ်ငွေ့စိမ့်တဲ့အတွက် ပေါက်ကွဲလွယ်တယ်၊ မီးလောင်လွယ်တယ် . .ဒါလေးတွေ ဖြစ်တတ်ပါတယ်။ ဒါက ဓာတ်ငွေ့နဲ့လုပ်တဲ့ ရေပူပေးစက်အကြောင်း သတိပြုဆင်ခြင်နိုင်ဖို့ ပြောပြတာဖြစ်ပါတယ်။

ဓာတ်ငွေ့နဲ့ မဟုတ်ဘဲနဲ့ လျှပ်စစ်နဲ့ လုပ်ထားတဲ့ ရေပူပေးစက်ဆိုရင် ဒီလိုအန္တရာယ်တွေကို ရှောင်ရှား နိုင်မှာဖြစ်ပါတယ်။ လျှပ်စစ်နဲ့လုပ်ထားတဲ့ ရေပူပေးစက်၊ ဆိုလာနည်းပညာနဲ့ လုပ်ထားတဲ့ ရေပူပေးစက် တွေကို သုံးမယ်ဆိုရင် ဓာတ်ငွေ့ကြောင့် ဖြစ်တတ်တဲ့ ပေါက်ကွဲတာ၊ အသက်အန္တရာယ်ထိခိုက်တာတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဓာတ်ငွေ့နဲ့ လုပ်ထားတဲ့ ရေပူပေးစက်တင်မကပါဘူး၊ မီးဖိုချောင်မှာဓာတ်ငွေ့သုံးပြီး ချက်ပြုတ်တာတွေ ဘာတွေရှိခဲ့ရင်လည်း စိမ့်ထွက်နေတာ ရှိ၊ မရှိ သေချာစစ်ဆေးပြီး ဂရုတစိုက် အသုံးပြုစေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top