Healthy Life Ad
Health Tips

နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး စွမ်းအင်အပြည့်ရှိစေမည့် သဘာဝနည်း ၁၀

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

(၁) တစ်နေ့ ကော်ဖီတစ်ခွက်သောက်ပါ

မနက်ခင်းမှာ ကော်ဖီမှုန့်စစ်စစ်နဲ့ ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ကို သောက်တာကြောင့် စွမ်းအင်အဆင့်ကို မြင့်တက်စေပါတယ်။ ကော်ဖီခွက်ရဲ့ လေးပုံတစ်ပုံခန့် ကော်ဖီမှုန့်ထည့်ပြီး ဖျော်သောက်တာကြောင့် တစ်နေ့တာ စွမ်းအင်တိုးစေမယ့် ကဖင်းဓာတ်ပမာဏကို ရရှိလန်းဆန်းစေပါတယ်။

(၂) သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုနည်းသည့် အစာစားပါ

ပေါင်မုန့်၊ ဖွဲနုကွေကာ၊ ဆန်လုံးညို၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အခွံမာတဲ့ အစေ့အဆန်တွေဟာ တခြားထမင်းဖြူ၊ ပေါင်မုန့်ဖြူတွေထက် သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုနည်းပါတယ်။ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုနည်းတဲ့ အစားအသောက်ကို များများစားတာကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး ခေါင်းမူးတာကို လျော့ကျစေပါတယ်။

alignnone size-medium wp-image-56341
(၃) နှင်းဆီပွင့်ခြောက်ရနံ့ရှူပါ

နှင်းဆီပွင့်ခြောက်တွေကို ချေပြီး လက်ထဲမှာ ဆုပ်ကိုင်ကာ နမ်းရှုံ့တာကြောင့် စိတ်စွမ်းအင်ကို လှုံ့ဆော်ပေးတဲ့ အစွမ်းကိုတိုးစေပါတယ်။

(၄) ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စကားဆိုပါ

လမ်းလျှောက်ရင်း သင်ကျေးဇူးအတင်ဆုံး သူတွေအကြောင်း စဉ်းစားပါ။ လမ်းလျှောက်ရင်း ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်တာဟာ ဦးနှောက်ထဲမှာ ပျော်ရွှင်စေတဲ့ နျူရိုထရန်စမစ်တာဓာတ်နဲ့ အန်ဒေါ်ဖင်ဓာတ်တွေ ထွက်ရှိစေပါတယ်။ စိတ်နဲ့ခန္ဓာကိုယ် ကြွက်သားတွေ သန်စွမ်းစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။

(၅) အဆိုးမြင်အတွေးကို တွေးမိလျှင် ချက်ချင်းရပ်လိုက်ပါ

စိတ်ဆိုတာ ခန္ဓာကိုယ်ကို ဦးဆောင်နေတာပါ။ စိတ်ထဲမှာ အဆိုးမြင်အတွေးတွေနဲ့ ညစ်ညမ်းနေရင် လူကလည်း လန်းဆန်းနိုင်ဖို့ မလွယ်ပါဘူး။ အဆိုးမြင်ခံစားချက်အတွက် စွမ်းအားတွေအများကြီး ကုန်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့် အဆိုးမြင်အတွေးနဲ့ ခံစားချက်တွေပေါ်လာတိုင်း မောင်းထုတ်ပစ်ပါ။

(၆) ရေခဲရေသောက်ပါ

မောပန်းနုံးချည့်တာဟာ ရေဓာတ်ခမ်းခြောက်မှုရဲ့ ပထမဆုံးလက္ခဏာတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့လုံး ကော်ဖီနဲ့ အချိုရည်တွေပဲ သောက်နေမယ့်အစား ရေဆာရင် ရေကိုပဲသောက်ပါ။ ပင်ပန်းနေချိန်မှာ ရေခဲရေသောက်လိုက်ရင် စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေပါတယ်။

(၇) သံဓာတ်အလုံအလောက် မှီဝဲပါ

အမြဲလိုလို ပင်ပန်းနွမ်းနယ်နေတတ်ပါသလား။ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သံဓာတ်ဟာ အောက်ဆီဂျင်ကို ဆဲလ်ထဲသယ်ပို့ပေးတဲ့ ဟေမိုဂလိုဗင် ထုတ်လုပ်မှုအတွက် မရှိမဖြစ် အရေးပါပါတယ်။ သံဓာတ်များတဲ့ အစာတွေက အနီရောင်အသား၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ အခြောက်အခြမ်းပဲတွေ ဖြစ်ပါတယ်။ သံဓာတ်ဖြည့်စွက်ဆေး လိုအပ်သလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

(၇) ရေအေးဝတ်ကို မျက်နှာပေါ်တင်ပါ

ရေအေးဝတ်ရဲ့ အေးမြမှုဟာ မျက်နှာကြွက်သားတွေနဲ့ မျက်စိကို အမြန်ဆုံး အားပြည့်လန်းဆန်းစေပါတယ်။ ဒီနည်းနဲ့ စိတ်စွမ်းအင်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ (နေပူထဲကပြန်လာချိန် မလုပ်ရပါ)

(၉) သိုင်းရွိုက်စစ်ဆေးပါ

သိုင်းရွိုက်ဟော်မုန်း အလုံအလောက် မထုတ်နိုင်ရင်လည်း ပင်ပန်းနွမ်းနယ်ပြီး စွမ်းအင်လျော့ပါးရတတ်ပါတယ်။ သိုင်းရွိုက်ကျန်းမာရေးကို သိရှိနိုင်ဖို့ သွေးစစ်ဆေးမှုခံယူပါ။ သိုင်းရွိုက်ဟော်မုန်း လျော့နည်းနေရင် လက္ခဏာအနေနဲ့ အသားအရေခြောက်တာ၊ ကိုယ်အလေးချိန်မြင့်တက်တာ၊ ဝမ်းချုပ်တာနဲ့ အအေးမိတာတို့ ခံစားရတတ်ပါတယ်။

alignnone size-medium wp-image-56356
(၁၀) အကူအညီတောင်းတိုင်း အကြောင်းပြန်မည်ဟုပြောပါ

တခြားသူ အကူအညီတောင်းတိုင်း လုပ်ပေးနိုင်တဲ့စွမ်းအား သင့်ဆီမှာ အလုံအလောက်ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါကြောင့် အကူအညီတောင်းတဲ့အခါ ကြိုးစားကြည့်ပြီး အကြောင်းပြန်မယ်လို့ပဲ ပြောပါ။ လုပ်ပေးမယ်ဆိုပြီး မနိုင်ဝန်မထမ်းပါနဲ့။

Most Popular

Healthy Life Ad
To Top