Healthy Life Ad
Health Tips

ဗိုက်ထဲအစာမရှိချိန် ဘာကြောင့် ရေသောက်သင့်တာလဲ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အိပ်ရာနိုးနိုးချင်း ရေသောက်ဖို့ ပြောလေ့ရှိကြပါတယ်။ အဲဒီလို အိပ်ရာနိုးနိုးချင်းရေသောက်တာက ရောဂါဝေဒနာတွေကို သက်သာစေရုံသာမက အောက်ပါရောဂါဝေဒနာတွေကို အထူးသက်သာစေတယ်လို့ သိရပါတယ်။

သက်သာပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာတွေကတော့ ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံးကိုက်ခဲတာ၊ နှလုံးထိခိုက်တာ၊ အဆစ်ရောင်တာ၊ နှလုံးခုန်မြန်တာ၊ အတက်ရောဂါရတာ၊ အဆီများတာ၊ ရင်ကျပ်တာ၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းရောဂါဝေဒနာ၊ အန်တာ၊ အစာအိမ်ရောင်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာ၊ မျက်စိရောဂါဝေဒနာ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဝေဒနာ၊ ရာသီသွေးဆင်းများတာ စတာတွေဖြစ်ကြပါတယ်။

ရေသောက်ရမည့်နည်းလမ်း

(၁) အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင် ရေကို ၁၆၀ မီလီလီတာဆံ့ဖန်ခွက်နဲ့ လေးခွက်သောက်ပါ။

(၂) သွားတိုက်ပြီး ခံတွင်းသန့်ရှင်းရေးကို အလေးထားလုပ်ဆောင်ပါ။ ၄၅ မိနစ်အတွင်း ဘာကိုမှမစားပါနဲ့။

(၃) အချိန် ၄၅ မိနစ်ကြာပြီးနောက် အစားအသောက်တွေကို ပုံမှန်အတိုင်း စားသောက်နိုင်ပါပြီ။

(၄) နံနက်စာစားပြီး ၁၅ မိနစ်အကြာအထိ ဘာမှမစားသောက်ပါနဲ့။

(၅) ဖျားနေရင်၊ အသက်ကြီးနေရင် ရေလေးခွက်ဆက်တိုက်မသောက်နိုင်ပါဘူး။ ဒါဆိုရင် တစ်နေ့တာအတွင်း ရေဖန်ခွက် လေးခွက်ကို နည်းနည်းချင်းသောက်သွားပါ။

(၆) ဒီနည်းက ရောဂါဝေဒနာအများစုကို သက်သာစေပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top