Healthy Life Ad
Health Tips

စပျစ်သီးစားလျှင် စပျစ်သီးစေ့ကိုပါ စားသင့်သော အကြောင်းရင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လူအများစုက စပျစ်သီးစားရင် စပျစ်သီးအစေ့ကို ထွေးထုတ်ပစ်တတ်ကြပါတယ်။ ဒီလိုမလုပ်ဘဲ စပျစ်သီးစားတိုင်း စပျစ်စေ့ကိုပါ ကြေညက်အောင် ဝါးစားပေးရင် အောက်ပါကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

– စိတ်ကျဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်

စပျစ်သီးအစေ့မှာ ပရိုအန်သိုဆိုင်ယာနင်ဓာတ် ပါဝင်တာကြောင့် ဦးနှောက်ထဲက ဆီရိုတိုနင်နဲ့ ဒိုပါမင်းဓာတ်ကို တိုးစေကာ စိတ်ခံစားမှုကောင်းမွန်စေပါတယ်။

– မလိုချင်တဲ့ ကိုယ်အလေးချိန်အပိုကို ဖယ်ရှားပေးနိုင်ပါတယ်

စပျစ်စေ့မှာပါတဲ့ တချို့ဒြပ်ပေါင်းတွေက ကိုယ်အလေးချိန်ပေါင်အပိုတွေကို လျော့ကျစေပါတယ်။

– ကင်ဆာကိုတောင် ကာကွယ်ဟန့်တားနိုင်ပါတယ်

စပျစ်စေ့မှာပါတဲ့ ပရိုအန်သိုဆိုင်ယာနီဒင်နဲ့ တခြားဒြပ်ပေါင်းတွေက ကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။

– နှလုံးကျန်းမာစေပါတယ်

စပျစ်သီးစေ့မှာပါတဲ့ ဒြပ်ပေါင်းတွေက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကိုကျစေပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။

– အိုမင်းမှုကို ဟန့်တားနိုင်ပါတယ်

စပျစ်သီးမှာသာမက စပျစ်သီးစေ့မှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် အသားအရေ နုပျိုလန်းဆန်းစေပါတယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့လည်း ပါဝင်တာကြောင့် ဆဲလ်ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးပါတယ်။

– ခြေထောက်သွေးပြန်ကြောထုံးတာကို သက်သာစေပါတယ်

စပျစ်သီးနဲ့ စပျစ်စေ့မှာ ပရိုအန်သိုဆိုင်ယာနီဒင် ပါဝင်တာကြောင့် သွေးလှည့်ပတ်မှုကိုကောင်းစေပြီး သွေးကြောတွေကို ကျန်းမာစေပါတယ်။ အမျိုးသမီးတွေမှာ ခြေထောက်သွေးပြန်ကြောထုံးပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။

– ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်

စပျစ်သီးစေ့မှာပါတဲ့ အင်တီအောက်ဆီးဒင့်က ရောင်ရမ်းမှုကိုထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကိုယ်တွင်းရောင်ရမ်းမှုကြောင့် အဝလွန်ရောဂါ၊ အဆစ်ရောင်နာရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ ဖြစ်စေနိုင်ပါတယ်။

သတိပြုရန်

စပျစ်သီးစားတဲ့အခါ စပျစ်စေ့ကို ကြေညက်အောင်ဝါးစားဖို့တော့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top