Healthy Life Ad
Health Tips

ကင်ဆာကို တွန်းလှန်နိုင်ရန် စားသင့်သော ထိပ်တန်းသစ်သီးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကင်ဆာဖြစ်နှုန်းကို သဘာဝတိုင်း လျော့ကျစေမယ့် သစ်သီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သံပယိုသီးနှင့် ခရင်မ်ဘယ်ရီသီး
သံပယိုသီးနဲ့ ခရင်မ်ဘယ်ရီသီးတွေက ကင်ဆာကို တွန်းလှန်နိုင်တဲ့ ထိပ်တန်းသစ်သီးတွေ ဖြစ်ပါတယ်။ ဗီတာမင်စီပါဝင်မှုများပြီး အန်သိုဆိုင် ယာနင်ပမာဏ များများ၊ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက် ဒီသစ်သီးဝလံတွေကို ပုံမှန် စားပေးရင် ကင်ဆာဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ရေထဲကို သံပယိုသီး လတ်လတ်ဆတ်ဆတ် ညှစ်သောက်တာ၊ ခရင်မ်ဘယ်ရီသီးဖျော်ရည်သောက်တာတို့ ပြုလုပ်ပေးပါ။

(၂) ငှက်ပျောသီးနှင့် ဂရိတ်ဖရုသီး
ငှက်ပျောသီးနဲ့ ဂရိတ်ဖရုသီးကို ပုံမှန်စားသုံး တာကြောင့် ကင်ဆာဖြစ်နှုန်းကို ၁၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ဒီသစ်သီးတွေထဲမှာ ဗီတာ မင်စီပါဝင်မှု မြင့်မားတာကြောင့် ဖြစ်ပါတယ်။

ဗီတာမင်စီက အစွမ်းထက်အင်တီအောက် ဆီးဒင့်ဖြစ်တာကြောင့် ဆဲလ်တွေထိခိုက်မှုကို လျော့ကျစေပြီး ဆဲလ်တွေထဲမှာ ဒီအင်န်အေ ပြောင်းလဲမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီသစ်သီးနှစ်မျိုးစလုံးမှာ အမျှင်ဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက် အူမကြီးကင်ဆာလို တချို့ကင်ဆာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးကို စိတ်ပြီး မနက်စာကွေကာထဲ ထည့်သောက်ပေးပါ။ ဂရိတ်ဖရုသီးကို ဖျော်ရည်ဖျော်သောက်ပါ။

(၃) ပန်းသီး၊ စပျစ်သီးနှင့် စတော်ဘယ်ရီသီး
ပန်းသီး၊ စပျစ်သီးနဲ့ စတော်ဘယ်ရီသီးတွေလို သစ်သီးတွေကို ပုံမှန်စားသုံးတာကြောင့် ကင်ဆာဖြစ်နှုန်းကို အနည်းဆုံး ၄၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါတယ်။ ဒီသစ်သီးထဲမှာ အန်သိုဆိုင်ယာနင်ဓာတ်ပါဝင်တာကြောင့် သစ်သီးတွေကို အနီရောင်ဖြစ်စတဲ့အပြင် ကင်ဆာဟန့်တားနိုင် စွမ်းလည်း ရှိပါတယ်။

စပျစ်သီးမှာ ရက်စ်ဗာရထရောဒြပ်ပေါင်း ပါဝင်မှုမြင့်တားတဲ့အတွက် ကင်ဆာကို ဟန့်တားနိုင်စွမ်းရှိပါတယ်။ ဒီသစ်သီးအားလုံးမှာ အမျှင်ဓာတ်ပါ ဝင်မှုလည်းများပါတယ်။ ပန်းသီးကို မနက်စာ ကွေကာနဲ့ရောစားနိုင်ပြီး စတော်ဘယ်ရီသီးနဲ့ စပျစ်သီးကို နေ့လယ်စာနဲ့ ညစာမှာ တွဲစားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top