Healthy Life Ad
International

တစ်ပတ်တစ်ခါလိင်ဆက်ဆံခြင်းကြောင့် အမျိုးသမီးများတွင် အရွယ်ရင့်မှုဖြစ်စဉ် နှေးကွေးစေနိုင်

မိုးမင်းထွန်း

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတွေက အိမ်ထောင် သက်ရှည်ကြာတဲ့ မိခင် ၁၂၉ ယောက်တို့ရဲ့ ခင်ပွန်းနဲ့ ထိတွေ့မှု၊ အားပေးအထောက်အပံ့ရမှု၊ အငြင်းပွားမှု၊ အိမ်ထောင်ရေး သာ ယာမှုနဲ့ စိတ်ဖိစီးမှု စတဲ့အချက် တွေကို စူးစမ်းလေ့လာခဲ့ကြပါ တယ်။ ဆဲလ်အစွပ်တွေ (telome­res) ရဲ့ အရွယ်အစားကို သိရှိဖို့ အမျိုးသမီးတွေရဲ့ သွေးနမူနာ တွေကို စစ်ဆေးခဲ့ကြပါတယ်။

တယ်အိုးမီးယားတွေက DNA အမျှင်ရဲ့ အစွပ်တွေဖြစ်ပြီး သူတို့ရဲ့အရွယ်အစား ရှည်လျားတာက အရွယ်ရင့်မှုဖြစ်စဉ် နှေးကွေးစေတာ၊ အသက်ရှည်စေတာနဲ့ ကျန်းမာရေးကောင်းစေတာတို့ကို ဖြစ်ပေါ်စေပါတယ်။ လေ့လာမှုကို တစ်ပတ်ကျော်ကြာ ပြုလုပ်ခဲ့ကြပါတယ်။

လေ့လာတဲ့ တစ်ပတ်အတွင်း အနည်းဆုံးတစ်ကြိမ် လိင်ဆက်ဆံခဲ့ကြတဲ့ အမျိုးသမီးတွေ မှာ telomeres အရွယ်အစား ရှည်လျားလာတာကို တွေ့ရှိခဲ့ပါတယ်။ အိမ်ထောင်ရေးသာယာတာ၊ စိတ်ဖိစီးတာ၊ ခင်ပွန်းရဲ့ ထောက်ပံ့အားပေးမှုရတာ၊ အငြင်းပွားတာတို့က telomere အရွယ်အစားပေါ်မှာ အကျိုးသက်ရောက် မှုမရှိတာကို တွေ့ရှိခဲ့ပါတယ်။

လိင်ဆက်ဆံခြင်းကြောင့် စိတ်ဖိစီးမှုလျော့ကျတာနဲ့ ခန္ဓာကိုယ် ကိုယ်ခံအားစနစ် အားကောင်းစေတာတို့ကြောင့် အမျိုးသမီးတွေမှာ အရွယ်တင်နုပျိုတာ ဖြစ်နိုင်ဖွယ်ရှိကြောင်း သုတေသီတွေက ကောက်ချက်ချထား ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top