Healthy Life Ad
Health Tips

လိင်ကိစ္စကို ဟန့်တားနိုင်သည့် ကျန်းမာရေးပြဿနာများ

ကိုထက်

လိင်ကိစ္စကို အနှောင့်အယှက်ဖြစ်စေတတ်တဲ့ ကျန်းမာရေးပြဿနာတွေက အာဟာရချို့တဲ့တာ၊ ဟော်မုန်းမမျှတတာ၊ စိတ်ပိုင်းဆိုင်ရာ ဝမ်းနည်းကြေကွဲတာနဲ့ ရောဂါဝေဒနာ ခံစာရတာတွေပဲ ဖြစ်ပါတယ်။

အာဟာရချို့တဲ့မှု

အာဟာရချို့တဲ့တာဟာ အမျိုးသားတွေမှာ သုက်လွှတ်နိုင်စွမ်းမရှိတာနဲ့ အဓိက ဆက်စပ်နေပါတယ်။ အဓိကအနေနဲ့ ဇင့်ဓာတ်၊ ဗီတာမင် B6 နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တို့ လိုအပ်နေပါတယ်။ ဇင့်ဓာတ်ချို့တဲ့မှုကြောင့် အမျိုးသားတွေမှာ လိင်အင်္ဂါဖွံ့ဖြိုးမှုကို နှေးစေသလို နောက်ပိုင်းအချိန်မှာ ဆီးကျိတ်ဂလင်း ကြီးမားစေနိုင်ပါတယ်။

ဟော်မုန်းမမျှတခြင်း

ဟော်မုန်းမမျှတတာ၊ အထူးသဖြင့် ဒိုပါမင်းဟော်မုန်းချို့တဲ့တာ ဒါမှမဟုတ် ပိုလျှံတာတွေဟာလည်း မူးယစ်ဆေးစွဲတာ၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနဲ့ လောင်းကစားစွဲလန်းတာတို့လို စွဲလန်းမှုပြဿနာတွေကို ဖြစ်စေနိုင်သလို ကြမ်းတမ်းတာ၊ ရန်လိုတာနဲ့ အာရုံစူးစိုက်မှု ချို့တဲ့တာတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ အောက်ဆီတိုစင် ဟော်မုန်းကလည်း လိင်ဆန္ဒအပေါ် သက်ရောက်မှုရှိပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုနဲ့ ဒေါသတွေကို ဖြေလျှော့မှုမလုပ်ဘဲ အိပ်ရာဝင်တာ၊ စိတ်တိုစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကြည့်ရှုတာတွေကြောင့် လိင်ဆန္ဒမရှိတာကို ယာယီဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများနေရင် ရေစိမ်ကန်ထဲ ၁၀ မိနစ်လောက် ထည့်ချိုးတာကြောင့် အပန်းပြေစေသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

ရောဂါဝေဒနာများ

သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးကျိတ်ပြဿနာနဲ့ ပန်းသေပန်းညှိုးရောဂါတို့လို အခြေခံရောဂါ ဝေဒနာတွေကြောင့်လည်း လိင်ဆန္ဒလျော့နည်းတတ်ပါတယ်။ ကင်ဆာ၊ လိင်အင်္ဂါအစိတ်အပိုင်း ပိုးဝင်တာတို့ကြောင့်လည်း လိင်ဆန္ဒကို ထိခိုက်စေနိုင်ပါတယ်။

လိင်ဆန္ဒကို အနှောင့်အယှက်ပေးသော စိတ်ဖိစီးမှုကို လျှော့ချနိုင်မည့် အောက်ဆီတိုစင်အကြောင်း

အောက်ဆီတိုစင်ဟာ စိတ်ဖိစီးမှုဟော်မုန်းရဲ့ သက်ရောက်မှုကို တွန်းလှန်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှု လျော့နည်းတာကြောင့် ကိုယ်ခံစွမ်းအားစနစ် ပြန်လည်ကောင်းမွန်လာပြီး အနာကျက်မြန်စေပါတယ်။ အောက်ဆီတိုစင်ဟာ ဆီးကျိတ်နဲ့ ရင်သားကင်ဆာ အကျိတ်တွေကို ကြီးထွားမှု ဟန့်တားပေးနိုင်စွမ်း ရှိပါတယ်။ စုံတွဲတွေ အချင်းချင်း မကြာခဏ ဖက်ပွေ့တာကြောင့် သွေးတိုးကိုကျစေပြီး အောက်ဆီတိုစင်ကို အထွက်တိုးစေပါတယ်။ အောက်ဆီတိုစင်ဟော်မုန်းဟာ သွေးတွင်းပိုးဝင်တာကြောင့် အင်္ဂါအစိတ်အပိုင်း ထိခိုက်မှုမဖြစ်စေဖို့ အကာအကွယ်ပေးပါတယ်။ နမ်းရှုံ့တာကြောင့် ထွက်လာတဲ့ အောက်ဆီတိုစင်ဟော်မုန်းဟာ ဓာတ်မတည့်မှုကို ကာကွယ်ပေးသလို အနာကျက်မြန်စေပြီး ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။ နှိပ်နယ်တာကြောင့် အယ်လ်ကိုဟော အဆိပ်သင့်တဲ့ ဝေဒနာကို လျော့ပါးစေပြီး အောက်ဆီတိုစင် အထွက်တိုးစေပါတယ်။ အောက်ဆီတိုစင်ဟာ စိတ်ဖိစီးမှု၊ ပူပင်သောကကို လျော့ပါးစေပါတယ်။ အောက်ဆီတိုစင်ဟာ သင်ယူလေ့လာမှုနဲ့ မှတ်ဉာဏ်ထဲမှာလည်း အရေးပါပါတယ်။

https://youtu.be/EJg30Tem734

Most Popular

Healthy Life Ad
To Top