Healthy Life Ad
Q & A

အသည်းရောဂါရှိသူ ကိုယ်လက်နာ၊ ခေါင်းကိုက်ရင် . . .

မေး။ ။ ကျွန်တော့်အမေ အသည်းနည်းနည်းခြောက်ပြီး ဗိုက်ရေဖျင်းအနည်းရှိပါတယ်။ ဆေးရုံတက်ပြီး ဆင်း လာတဲ့လူနာပါ။ ဆရာဝန်က အကိုက်အခဲပျောက်ဆေး မသောက်ရဘူးလို့ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ အမေက ပြန်လာကတည်းက ကိုယ်လက်နာ၊ ခေါင်းကိုက်ဖြစ်ရင် ဘာဆေးသောက်သုံး သင့်ပါသလဲဗျာ။ ဆရာဝန် ဆေးခန်းရက်ချိန်းကလည်းမရောက်သေးလို့ အခက်တွေ့နေလို့ပါဗျာ။

မွန်ပြည်နယ်မှ မွန်မင်းသား (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ အသည်းရောဂါရှိသူတွေအနေနဲ့ ဆရာဝန် ညွှန်ကြားတဲ့ ဆေးကလွဲပြီး ဘာဆေးမှ မသောက်သင့်ပါ ဘူး။ ရောဂါခြေအနေကို ကြည့်ပြီးမှ ဆေးကို ချိန်ဆပေးရတာကြောင့် ဖြစ်ပါတယ်။ ဆေးအများစုက အ သည်းကနေခြေဖျက်တာကြောင့် အသည်းမကောင်းရင် သတိထားရတာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top