Healthy Life Ad
Health Tips

အသည်းကြီးခြင်း

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. အသည်းကြီးတာက ဘာကြောင့်ဖြစ်ရပါသလဲ။ ဘယ်လိုကုသမှု ခံယူသင့်ပါသလဲ။

A. အသည်းကြီးတာက အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နံပါတ်တစ်အနေနဲ့ အရက်သောက်တဲ့သူတွေမှာ Alcoholic Hepatitis လို့ခေါ်တဲ့ အရက်ကြောင့် အသည်းကြီးတာ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက အရက်ကြောင့်မဟုတ်ဘဲ အသည်းကြီးတာ ဖြစ်တတ်ပါတယ်။ ဥပမာပြောရရင် အသည်းရောင်အသားဝါ ဘီပိုးကြောင့် အသည်းကြီးတာ၊ အသည်းရောင်အသားဝါ အေပိုး၊ စီပိုးတွေကြောင့် အသည်းကြီးတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ ကင်ဆာကြောင့်လည်း အသည်းကြီးတာ ဖြစ်နိုင်ပါတယ်။

“များသောအားဖြင့် အသည်းကြီးနေပေမယ့် မစမ်းသပ်လို့ မသိတာများပါတယ်။ နေလို့မကောင်းဘူး၊ အစာမကြေဘူး၊ အန်တယ် စတာတွေဖြစ်ပြီး နာလာတတ်ပါတယ်။ ဒါကြောင့် အစားအသောက်ပျက်လာရင် ညာဘက်နံရိုး အောက်နားလေးမှာ နည်းနည်းလေးဖောင်းနေသလားဆိုတာ စမ်းကြည့်ပြီး ဖောင်းနေရင် ဆရာဝန်နဲ့ ပြရပါမယ်။”

ပထမဦးဆုံး ပြောချင်တာက အသည်းဆိုတာ နံရိုးရဲ့ အောက်နားလေးမှာ ရှိပါတယ်။ များသောအားဖြင့် စသိတာက ညာဘက်နံရိုးအောက်မှာ နည်းနည်းဖောင်းလာသလို ဖြစ်ပြီး နေလို့မကောင်းတတ်ပါဘူး။ ပြောရရင် ကိုယ့်ကိုယ်ကိုယ် စတင်စမ်းမိတာက ပထမဆုံး သတိပြုမိတာ ဖြစ်ပါတယ်။ များသောအားဖြင့် အသည်းကြီးနေပေမယ့် မစမ်းသပ်လို့ မသိတာ များပါတယ်။ နေလို့မကောင်းဘူး၊ အစာမကြေဘူး၊ အန်တယ် စတာတွေဖြစ်ပြီး နာလာတတ်ပါတယ်။ ဒါကြောင့် အစားအသောက်ပျက်လာရင် ညာဘက်နံရိုး အောက်နားလေးမှာ နည်းနည်းလေး ဖောင်းနေသလားဆိုတာ စမ်းကြည့်ပြီး ဖောင်းနေရင် ဆရာဝန်နဲ့ ပြရပါမယ်။ အသည်းကြီးတာက အခြေခံအကြောင်းရင်းပေါ် မူတည်ပြီး အရေးကြီးတတ်ပါတယ်။ အာထရာဆောင်းရိုက်တာ၊ သွေးစစ်တာတွေ လုပ်ရပါမယ်။ အသည်းကြီးရတဲ့ အခြေခံအကြောင်းရင်းကို သေချာသိပြီဆိုရင်တော့ သက်ဆိုင်ရာရောဂါအလိုက် သင့်တော်တဲ့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

ခြုံပြောရမယ်ဆိုရင် အသည်းကြီးတဲ့အခါ-

(၁) အဆီလျှော့စားပါ။

(၂) ဟင်းအနှစ်မစားပါနဲ့။

(၃) မကောင်းတဲ့အဆီ (ဥပမာ ဝက်ဆီ၊ အမဲဆီ၊ အုန်းနို့ဆီ) စတာတွေကို လျှော့စားရပါမယ်။

(၄) ကြက်ဘဲအရေခွံတွေ၊ ကလီစာတွေ ရှောင်ရပါမယ်။

(၅) အသည်းရောဂါဖြစ်လာရင် အချိုစားပြီး အနားယူပါဆိုတဲ့ စကားအတိုင်း ဗိုင်းရပ်စ်ကြောင့် အသည်းကြီးတယ်ဆိုရင် ထန်းလျက်စားတာ၊ ဂလူးကို့စ်စားတာတို့ လုပ်နိုင်ပါတယ်။ အချိုရည်မသောက်ရပါဘူး။

Most Popular

Healthy Life Ad
To Top