Healthy Life Ad
Q & A

အရက်ဘီယာသောက်သုံးခြင်းနှင့် အသည်းကျန်းမာရေး

—–၊ ပါမောက္ခဦးခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. အရက်နဲ့ ဘီယာသောက်တာမှာ ဘယ်အရာက အသည်းကို ပိုမိုထိခိုက်စေပါသလဲ ဆရာ။

A. အရက်က အရက်ပဲ။ အတူတူပဲ။ ဝိုင်သောက်မလား၊ ထန်းရည်သောက်မလား၊ ဝီစကီသောက်မလား၊ ရမ်သောက်မလား . . ဘာသောက်သောက် အရက်ဟာအရက်ပဲ။ Percentage ပဲကွာတာလေ။ ဝီစကီဆိုတာ အယ်လ်ကိုဟော ၃၅ ရာခိုင်နှုန်းလောက်ပါတယ်။ ဘီယာက အယ်လ်ကိုဟော ၅ ရာခိုင်နှုန်းလောက်ပါတယ်။ ဘီယာမှာတော့ ကယ်လိုရီပိုပါလို့ ပိုဝစေတာပေါ့။ ဒါပေမဲ့ အတူတူပါပဲ။ အတူတူပဲလို့ ဆရာကဖြေလိုက်ပါရစေ။

“အသည်းဆိုတာ တော်တော်လေး ဒဏ်ခံနိုင်တာပါ။ အရက်ကြောင့် အသည်းဆဲလ်တွေကို ဖျက်စီးပစ်လည်း အသည်းဆဲလ်တွေ ပြန်ပွားတာပဲ။ တစ်ပတ်မှာ သုံးရက်ထက်ပိုပြီး အရက်မသောက်နဲ့၊ တစ်ခါသောက်ရင် ၂ ပက်-၃ ပက်ထက်ပိုပြီး မသောက်နဲ့။ ဖြစ်နိုင်ရင်”. . .

Q. အရက်ဘီယာသောက်သုံးသူတွေမှာ အသည်းမှာ ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်စေနိုင်ပါသလဲ ဆရာ။

A. အရက်ဘီယာသောက်သုံးသူတွေမှာ အထူးသဖြင့် အသည်းရောင်တဲ့အခါ မကြာခဏတွေ ့ရတာကတော့ ညာဘက်ရင်ဘတ်အောင့်တယ်၊ အသည်းအရမ်းရောင်တဲ့ အခြေအနေဆိုရင် ရေဖျဉ်းစွဲတာ၊ မျက်လုံးဝါတာတို့ မကြာခဏ တွေ့ရတတ်ပါတယ်။

Q. ဘယ်လိုကာကွယ်ကုသမှုတွေ လုပ်သင့်ပါသလဲ ဆရာ။

A. ဒါကတော့လွယ်ပါတယ်။ အရက်ကြောင့်ဖြစ်တာဆိုတော့ အရက်မသောက်သင့်ပါဘူး။ ဒါပေမဲ့ အရက်ကို ဘယ်လောက်လျှော့ရမလဲ၊ မသောက်ရမနေနိုင်ရင် ဘယ်လောက်သောက်ရမလဲဆိုတာ ပြောပြရပါမယ်။ အင်္ဂလန်နိုင်ငံမှာ ဆရာတို့အလုပ်လုပ်ခဲ့တုန်းက တစ်ပတ်မှာ သုံးရက်ထက်ပိုပြီး အရက်မသောက်နဲ့လို့ ပြောပါတယ်။ အသည်းဆိုတာ တော်တော်လေး ဒဏ်ခံနိုင်တာပါ။ အရက်ကြောင့် အသည်းဆဲလ်တွေကို ဖျက်စီးပစ်လည်း အသည်းဆဲလ်တွေပြန်ပွားတာပဲ။ တစ်ပတ်မှာ သုံးရက်ထက်ပိုပြီး အရက်မသောက်နဲ့၊ တစ်ခါသောက်ရင် ၂ ပက်-၃ ပက်ထက်ပိုပြီး မသောက်နဲ့။ ဖြစ်နိုင်ရင် အရက်ကို လုံးဝမသောက်နဲ့။ ဒါက ကာကွယ်နည်းထဲမှာ အကောင်းဆုံးနည်းပါပဲ။

Most Popular

Healthy Life Ad
To Top