Healthy Life Ad
Health Tips

ကျန်းမာရေးနှင့် ညီညွတ်သော သင်္ဘောသီးဖျော်ရည်

၊ လရိပ်မေ ၊

– သင်္ဘောသီးမှာ ရေဓာတ်များစွာပါဝင်ပြီး စွမ်းအင်သိပ်သည်းဆနည်းပါတယ်။ အလတ်စား သင်္ဘောသီးတစ်လုံးမှာ ၁၁၉ ကယ်လိုရီပဲပါဝင်ပြီး အဆီဂရမ်တစ်ဝက်နဲ့ အမျှင်ဓာတ် ၅ ဒသမ ၅ ဂရမ်ပါဝင်ပါတယ်။

– သင်္ဘောသီးမှာ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်း၊ မဂ္ဂနီဆီယမ်နဲ့ ဖောလိတ်ဓာတ်တို့ ပါဝင်ပါတယ်။

– သင်္ဘောသီးစားတာကြောင့် အစာကြေညက်စေပြီး ဝမ်းချုပ်တာနဲ့ ရင်ပူနာတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပါဝင်ပစ္စည်းများ

(၁) သင်္ဘောသီးမှည့်လှီးပြီးသား (တစ်ခွက်ခွဲ)

(၂) ငရုတ်ကောင်းမှုန့်- လက်ဖက်စားဇွန်း တစ်ဇွန်း၊

(၃) သံပရာရည်- လေး-ငါးဇွန်း၊

(၄) ဆား-လက်ဖက်စားဇွန်း တစ်ဝက်

(၅) ရေခဲအနည်းငယ်

ပြုလုပ်နည်း

ရေခဲကလွဲပြီး ကျန်တဲ့ပါဝင်ပစ္စည်းတွေကို မွှေစက်(Blender)ထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဖန်ခွက်ထဲထည့်ပြီး ရေခဲတချို့ထည့်ကာ သောက်သုံးနိုင်ပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top