Healthy Life Ad
Life Style

အသားအရေအမျိုးအစားအလိုက် အားဖြည့်ပေးမည့် သစ်သီးဖျော်ရည်များ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အဆီများပြီး အပြစ်အနာအဆာရှိသော အသားအရေအတွက်

မုန်လာဥနီဖျော်ရည် – ဗီတာမင်အေ ပါဝင်တာကြောင့် ဝက်ခြံအဖုအပိမ့်တွေမဖြစ်အောင် ကူညီပေးပါတယ်။

ဂရိတ်ဖရုဖျော်ရည်နှင့်လိမ္မော်ရည်-ဗီတာမင်စီ ပါဝင်တာကြောင့် အသားအရေရှိ အာဟာရဓာတ်တွေကို ဟန်ချက်ညီမျှစေပါတယ်။

ကီဝီသီးဖျော်ရည်-အသားအရေကို ကြည်လင်ရှင်းသန့်စေတဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။

ဝက်ခြံနှင့် အရေပြားနီမြန်းမှုရှိသော အသားအရေအတွက်

သင်္ဘောသီးဖျော်ရည် – အသားအရေကို အေးမြစေပြီး ရှင်းသန့်စေတဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။

လိမ္မော်ရည် – အချဉ်အရသာရှိတဲ့ သစ်သီးတွေက ချွေးပေါက်ကျဉ်းစေတဲ့အာနိသင် ရှိတာကြောင့် အရေပြားနီမြန်းတဲ့ အပြစ်အနာအဆာတွေကို ကင်းစင်စေပါတယ်။

လီမွန်သီးဖျော်ရည် – အစာကြေညက်စေပြီး အသားအရေကို ကြည်လင်စေပါတယ်။

ထိခိုက်လွယ်သော အသားအရေအတွက်

သခွားသီးဖျော်ရည် – အသားအရေကို စိုပြည်စေတဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။

မုန်လာဥနီဖျော်ရည်- ကိုယ်တွင်းအဆိပ်အတောက်ကင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။

ဥနီ (Beetroot) ဖျော်ရည် – အဆိပ်အတောက်ကင်းစေတဲ့ အံ့ဖွယ်အပင်ထွက်အစာပါ။

ခြောက်သွေ့သော အသားအရေအတွက်

သခွားသီး၊ တရုတ်နံနံဖျော်ရည် – အသားအရေကို အလွန်အမင်း စိုပြည်စေတဲ့အပြင် အမျှင်ဓာတ်အများအပြား ပါဝင်တာကြောင့် ကိုယ်တွင်းစနစ်ကို ကျန်းမာစေပါတယ်။

ဟင်းနုနယ်ရွက်ဖျော်ရည်-အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။

အုန်းရေ – အသားအရေကို စိုပြည်လှပစေပါတယ်။

ပန်းသီးဖျော်ရည် – အသားအရေကို ကြည်လင်သန့်စင်စေပြီး အစိုဓာတ်နဲ့ ရေဓာတ်ကို မျှတစေပါတယ်။

ရင့်နေသော အသားအရေအတွက်

ဘလက်ဘယ်ရီ၊ ရပ်စ်ဘယ်ရီဖျော်ရည် – ဘယ်ရီသီးဖျော်ရည်တွေမှာ အစွမ်းထက်အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အသားအရေကို တင်းရင်းလှပစေပါတယ်။

ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ မြင်းခွာရွက်ဖျော်ရည် – အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်တို့ ပါတဲ့အတွက် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

ပန်းဂေါ်ဖီစိမ်းဖျော်ရည် – အသားအရေရဲ့ တင်းအားကို ပိုမိုကောင်းမွန်စေပြီး နေလောင်ဒဏ်ရာ မရရှိအောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

Most Popular

Healthy Life Ad
To Top