Healthy Life Ad
Health Tips

ခေါင်းကိုက်နေသလား…

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူအများစုဟာ ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။ သတင်းကောင်းကတော့ ခေါင်းကိုက်တဲ့အခါ အမြန်သက်သာစေဖို့ အိမ်တွင်းကုထုံးလေးတွေရှိနေတာပါပဲ။

အပူနှင့် အအေးသုံးပါ
ခေါင်းတစ်ခြမ်းကိုက်ရင် နဖူးပေါ်မှာ ရေအေးဝတ်ကပ်ပါ။ နာကျင်မှု သက်သာစေပါတယ်။ နဖူးပေါ်မှာ ရေအေးဝတ်တင်ပြီး ၁၅ မိနစ်ကြာထားလိုက်၊ ပြန်သိမ်းထားလိုက်လုပ်ပေးပါ။ တင်းအားကြောင့် ခေါင်းကိုက်နေရင် အပူကုထုံးသုံးပါ။ လည်ပင်းပေါ်မှာ နွေးထွေးတဲ့ ပိတ်စလေး တင်ပေးရင် ခေါင်းကိုက်ဝေဒနာ သက်သာစေပါတယ်။

ဆံပင်ကို တင်းကျပ်စွာ မစည်းနှောင်သင့်
ဆံပင်ကို ခပ်ကျပ်ကျပ်စည်းနှောင်ထားရင် ခေါင်းကိုက်ဝေဒနာ ဖြစ်တတ်ပါတယ်။ ဦးထုပ်ကျပ်ကျပ်ဆောင်းတာ၊ ခေါင်းပတ်စည်းတာ၊ ရေကူးမျက်မှန်တပ်တာ စတာတွေကြောင့် ဦးခေါင်းပိုင်းမှာ ကျပ်လွန်းရင် ခေါင်း ကိုက်ဝေဒနာခံစားရတတ်ပါတယ်။ လေ့လာမှုတစ်ခုအရ ဆံပင်တွေကို တင်းကျပ်အောင် မစည်းနှောင်တဲ့ အမျိုးသမီးတွေက ခေါင်းကိုက်ဝေဒနာ သက်သာစေတယ်လို့ သိရပါတယ်။

အလင်းရောင်လျှော့ပါ
ကွန်ပျူတာစကရင်ရဲ့ တောက်ပတဲ့အလင်းတန်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရတတ်ပါတယ်။ ဒီလိုခံစားရရင် ပြတင်းပေါက်တွေကို လိုက်ကာနဲ့ပိတ်ထားပါ။ ကွန်ပျူတာမှာ အလင်းမပြန်နိုင်တဲ့ Anti-glare screen တပ်ထားပါ။

ပီကေထွေးထုတ်ပါ
ပီကေဝါးတာကြောင့် မေးရိုးတွေကို နာကျင်စေနိုင်ရုံသာမက ခေါင်းလည်း ကိုက်စေနိုင်ပါတယ်။ ဒါက ဘာနဲ့တူသလဲဆိုတော့ လက်သည်းကိုက်တာ၊ ဘောပင်လို မာကျောတဲ့ ပစ္စည်းကိုက်တာနဲ့ တူပါတယ်။ ဒါ ကြောင့် တချိန်လုံးကြိတ်ဝါးနေရတဲ့ အမူအကျင့်ကို ဆင်ခြင်သင့်ပါတယ်။

ဆေးဝါးမှီဝဲပါ
အကိုက်အခဲပျောက်ဆေးတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဆေးသောက်တဲ့အခါ ထိရောက်မှုရှိစေဖို့နဲ့ အန္တရာယ်ကင်းစေဖို့ သိထားသင့်တဲ့အချက်တွေရှိပါတယ်။ အဲဒါက ပါရာစီတမောသောက်တဲ့အခါ အစာနဲ့တွဲသောက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top