Healthy Life Ad
International

အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်က သူ့ဘာသာပြန်စားသည့်ဖြစ်စဉ် ဖြစ်ပေါ်ဟုဆို

၊ မိုးမင်းထွန်း ၊

အိပ်ရေးပျက်တဲ့အခါ ဦးနှောက်က သူ့ဘာသာပြန်စားတဲ့ ဖြစ်စဉ်ဖြစ်ပေါ်တယ်လို့ လေ့လာမှုအသစ်တစ်ခုကဆိုပါတယ်။

ဦးနှောက်ထဲမှာ ဖုန်စုပ်စက်လို သန့်ရှင်းရေးလုပ်ပေးတဲ့ Astrocytes အမည်ရ ဆဲလ်တွေဟာ အိပ်ရေးပျက်တာကြောင့် ပိုမိုတက်ကြွလှုပ်ရှားလာပြီး synpases ခေါ် နာဗ့်ကြောဆက်နေရာတွေရဲ့ အားလျော့ယိုယွင်းလာတဲ့အပိုင်းမှ ဆဲလ်တွေကို ရှင်းလင်းစားသုံးပစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ထိတ်လန့်စရာမဟုတ်ဘဲ အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စဖြစ်ကြောင်းသိရပါတယ်။ Synpases တွေဟာ ပရိဘောဂအဟောင်းတွေကဲ့သို့ဖြစ်ကြပြီး ဂရုတစိုက်ရှင်းလင်းပေးဖို့လိုကြောင်း ဆိုပါတယ်။ ဒါပေမဲ့ အိပ်ရေးပျက်တဲ့ဦးနှောက်မှာ အယ်လ်ဇိုင်းမားရောဂါဖြစ်စေနိုင်တဲ့ မကောင်းတဲ့လက္ခဏာတွေပြသကြောင်းလည်း သုတေသီတွေကပြောဆိုခဲ့ပါတယ်။

အီတလီမာချီပိုလီတက်ကနစ်တက္ကသိုလ်မှ သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာ အိပ်ရေးပျက်တဲ့ ကြွက်တွေနဲ့စမ်းသပ်ခဲ့ရာမှာ ဦးနှောက်ထဲမှာ Microglials အမည်ရဆဲလ်တွေဟာ ပိုမိုတက်ကြွလှုပ်ရှားလာတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒီဆဲလ်တွေ တက်ကြွလှုပ်ရှားမှုဟာ အယ်လ်ဇိုင်းမားနဲ့ တခြား အာရုံကြောယိုယွင်းရောဂါတွေမှာလည်း ပုံမှန်တွေ့ရတတ်ကြောင်း သုတေသီတွေက ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top