Healthy Life Ad
Women

မိတ်ကပ်ဘရပ်ရှ်သန့်စင်နည်း

၊ လရိပ်မေ ၊

ပျိုမေတွေအနေနဲ့ မိတ်ကပ်လိမ်းရာမှာ အသုံးပြုတဲ့ ဘရပ်ရှ်တွေကို အိမ်မှာ အလွယ်သန့်စင်နိုင်မယ့် နည်းလမ်းကောင်းတွေကို သိထားသင့်ပါတယ်။


နည်းလမ်း (၁)

လိုအပ်သော ပစ္စည်းများ – ပန်းကန်ပြား၊ တစ်ရှူးစက္ကူ၊ သံလွင်ဆီ၊ အပျော့စား ပန်းကန်ဆေး ဆပ်ပြာရည်

– သံလွင်ဆီနဲ့ အပျော့စားဆပ်ပြာရည်ကို ဆတူရောပြီး ပန်းကန်ပြားတစ်ချပ်ထဲထည့်ပါ။

– ညစ်ပတ်နေတဲ့ မိတ်ကပ်ဘရပ်ရှ်တွေကို အဲဒီအရည်ထဲ တစ်မိနစ်စိမ်ပါ။

– ပြီးရင် ရေခပ်နွေးနွေးနဲ့ ဆေးချပါ။

– နောက်ဆုံးမှာ ဘရပ်ရှ်တွေကို တစ်ရှူးစတစ်ခုနဲ့အုပ်ပြီး တစ်ညတာ ခြောက်အောင်ထားပါ။


နည်းလမ်း (၂)

လိုအပ်သော ပစ္စည်းများ – ရှလကာရည်၊ ဆပ်ပြာရည်နဲ့ ရေခပ်နွေးနွေး။

– ခပ်နွေးနွေးရေတစ်ခွက်ထဲ ဆပ်ပြာရည်တစ်ဇွန်း၊ ရှလကာရည်တစ်ဇွန်းထည့်မွှေပါ။

– ပြီးရင် ညစ်ပတ်နေတဲ့ မိတ်ကပ်ဘရပ်ရှ်တွေ ထည့်စိမ်ပြီး ဆေးပေးပါ။

– နောက်ဆုံးမှာ ရေနဲ့ဆေးချလိုက်ရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top