Healthy Life Ad
Women

ဆယ်ကျော်သက်အရွယ် မိတ်ကပ်လိမ်းမယ် . . .

မေး ။ ဆယ်ကျော်သက်အရွယ်တွေက မိတ်ကပ်လိမ်းဖို့ သင့်တော်ပါရဲ့လား။ မိတ်ကပ်နဲ့ပတ်သက်ပြီး ဆယ်ကျော်သက်တွေက ဘယ်လိုအချက်တွေကို သတိထားသင့်ပါသလဲရှင့်။
မနှင်းနှင်း၊ သင်္ဃန်းကျွန်း။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော်(အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ အသက်ဆယ့်လေးနှစ်အောက်ကလေးတွေရဲ့ အရေပြားက-
သဘာဝအားဖြင့် အရေပြားဟာ ကြည်လင်နေပြီး အရေးကြောင်း ကင်းစင်နေတတ်ပါတယ်၊ ခန္ဓာကိုယ်ကြီးထွားဖို့ ဟော်မုန်းအပြောင်းအလဲလည်း ဖြစ်နေပါတယ်။ ဟော်မုန်းကြောင့် အဆီကျိတ်တွေ ပိုအလုပ်များလာပြီး အဆီကျိတ်တွေ ကြီးလာကာ ဝက်ခြံအဖုလေးတွေတောင် ထွက်လာတတ်ပါတယ်။
ဒီအခါမှာ လက်ပေါ်တင်ကြည့်လိုက်ရင် အရေပြားအရောင် လုံးဝပြောင်းသွားနိုင်လောက်တဲ့ ထူပျစ်ပျစ်မိတ်ကပ်တွေကို သုံးမိရင်မျက်နှာမှာရှိတဲ့ မွေးညင်းပေါက်လေးတွေ၊ ချွေးပေါက်တွေ၊ အဆီကျိတ် တွေနဲ့ အဖုလေးတွေ ထွက်လာတတ်ပါတယ်။ ဒီလို အချိန်မှာအမေ၊ အစ်မတွေရဲ့ မိတ်ကပ်တွေကိုမလိမ်း သင့်ပါဘူး။
ဒီအရွယ်မှာ အရေပြားထိန်းပစ္စည်းကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ မိတ်ကပ်ထက် ရေဓာတ်ဖြည့် အရေပြားထိန်းပစ္စည်း (Skin Care) မျိုးကို နေ့စဉ် သုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top