Healthy Life Ad
Health Tips

ချစ်စိတ်ကို သဘာဝကျကျတိုးစေမည့် အစာများ

၊ ကိုထက် ၊

အောက်ပါအစားအစာတွေအားလုံးက ချစ်စိတ်ကိုတိုးစေတယ်လို့ လူသိများကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေကသာ ချစ်စိတ်ကိုတိုးစေပြီး တချို့အစာတွေက ချစ်စိတ်တိုးစေတဲ့ အာနိသင်မရှိကြောင်း လေ့လာသူတွေက ဖော်ပြထားကြပါတယ်။

(၁) ငှက်ပျောသီး

ငှက်ပျောသီးကို စားပေးတာက သင်ရဲ့လိင်မှုဘဝကို အားကောင်းစေပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ပိုတက်စီယမ်နဲ့ ဗီတာမင်ဘီအုပ်စုတို့ ပါဝင်ပြီး ဒီအာဟာရဓာတ်တွေက လိင်ဟော်မုန်းထုတ်လုပ်ရေးအတွက် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေပါ။

(၂) ကော်ဖီ

ကော်ဖီက သင့်ကို လန်းဆန်းတက်ကြွအောင် လှုံ့ဆော်မှုပေးနိုင်တာမှန်ပါတယ်။ ကဖင်းဓာတ်နဲ့ တည့်တဲ့သူတွေမှာ ကဖင်းဓာတ်များများမှီဝဲတဲ့အတွက် ချစ်ရေးချစ်ရာ အားကောင်းစေပါတယ်။

(၃) ကမာကောင်

ကမာကောင်မှာ ပရိုတင်းဓာတ်နဲ့ ဇင့်(သွပ်)ဓာတ်တို့ များစွာပါဝင်တာကြောင့် အမျိုးသားတွေရဲ့ လိင်စိတ်ကိုအားကောင်းစေတာမှန်ပေမယ့် အဲဒီလို အာနိသင်မျိုးရဖို့ဆိုရင် ကမာကောင် အနည်းဆုံးအကောင် ၅၀လောက် စားပေးဖို့လိုတယ်လို့ လေ့လာသူတချို့က ဆိုပါတယ်။

(၄) ဝိုင်နီ

ဝိုင်နီကို အသင့်အတင့်သောက်တာက လိင်ပိုင်းဆိုင်ရာ ခံစားမှုအားကောင်းအောင် လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဝိုင်နီရနံ့ဟာ အမျိုးသမီးတွေမှာ စိတ်ခံစားမှုကောင်းစေပါတယ်။ အကြောင်းကတော့ အဲဒီအနံ့ဟာ အမျိုးသားဖီရိုမုန်းအနံ့နဲ့ ဆင်တူတာကြောင့်ပါ။

(၅) ချောကလက်

ချောကလက်မှာပါတဲ့ ဖီနိုင်းအီသိုင်းလမင်း (PEA)ဟာ လိင်ကိစ္စအတောအတွင်းမှာ ထွက်လာစေတဲ့ဟော်မုန်းနဲ့ ဆင်တူတဲ့ ဟော်မုန်းထွက်စေပါတယ်။ ဒါကြောင့် Valentine’s Day လို၊ အိမ်ထောင်သက်နှစ်ပတ်လည်နေ့လို စိတ်ကူးယဉ်ဖွယ်ရာနေ့ရက်တွေမှာ ချစ်သူအချင်းချင်း ချောကလက်ကျွေးလေ့ ရှိကြတာဖြစ်ပါတယ်။

(၆) ငရုတ်သီး

ငရုတ်သီးရဲ့ ပူစပ်တဲ့အာနိသင်ဟာ နှလုံးခုန်နှုန်းကိုမြင့်တက်စေပြီး ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။ ဒါ့အပြင် ငရုတ်သီးမှာပါတဲ့ ပါဝင်ပစ္စည်းတွေက လိင်စိတ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိတယ်လို့ လေ့လာမှုအရ မတွေ့ရပါဘူး။

(၇) ကညွတ်

ကညွတ်မှာ များစွာပါတဲ့ ဗီတာမင်အီးဟာ လိင်ဟော်မုန်းတွေကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။

(၈) စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် စိတ်ခံစားမှုကို မြင့်တက်စေရုံသာမက ချစ်ရေးချစ်ရာမှာလည်း အဆင်ပြေအောင် ပံ့ပိုးပေးနိုင်စွမ်းရှိပါတယ်။

(၉) ဆလတ်ရွက်

ရှေးခေတ်ရောမလူမျိုးတွေ လက်ထက်ကတည်းက ရေပန်းစားခဲ့တဲ့ ချစ်စိတ်တိုးစေတဲ့ အစားအစာပါ။ ဗီတာမင်အေများစွာ ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ဗီတာမင်အေချို့တဲ့ရင် လိင်ဟော်မုန်းကို လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top