Healthy Life Ad
Life Style

အချစ်ဟော်မုန်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သင့်ချစ်သူကို ပိုကျန်းမာစေတဲ့ အချစ်ဟော်မုန်း အောက်ဆီတိုစင် ပိုထွက်ရှိလာစေမယ့် ရိုးစင်းတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးထားပါတယ်။

(၁) မျက်လုံးချင်းဆုံကြည့်ခြင်း

ချစ်တဲ့သူအချင်းချင်း မျက်လုံးချင်းဆုံကြည့်ပြီး နွေးထွေးတဲ့ အပြုံးလေးပြုံးတဲ့အခါ အချစ်ဟော်မုန်း အောက်ဆီတိုစင်ထွက်လာပြီး ယုံကြည်တဲ့ခံစားချက်ကို အားပေးနိုင်ပါတယ်။

(၂) ပွေ့ဖက်ခြင်း

ချစ်တဲ့သူတစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ထားတဲ့အခါ အချစ်ဟော်မုန်း အောက်ဆီတိုစင်ထွက်လာပြီး ပိုလုံခြုံတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။

(၃) လက်ချင်းဆုပ်ကိုင်ခြင်း

ချစ်တဲ့သူနဲ့ ထိတွေ့ရတာက စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောကို လျော့ကျစေပြီး သွေးတိုးလည်း ကျစေပါတယ်၊ အချစ်ဟော်မုန်းအောက်ဆီတိုစင်လည်း ထွက်ရှိလာလို့ စိတ်ကြည်နူးချမ်းမြေ့စေပါတယ်။

(၄) အကြင်နာပေးခြင်း

တစ်ဦးနဲ့တစ်ဦး အကြင်နာပေးနမ်းရှုံ ့တာက ဒိုပါမင်းဟော်မုန်းကို အထွက်တိုးလာစေပြီး ချစ်စိတ်တိုးစေပါတယ်။ အောက်ဆီတိုစင်ဟော်မုန်းကို ရုတ်တရက် များများထွက်ရှိမှုလည်း ဖြစ်စေပါတယ်။

(၅) တေးသီချင်းဖွင့်ပြီး အတူတွဲကခြင်း

ချစ်သူနဲ့အတူ ညင်သာတဲ့ တေးသီချင်းချိုချိုလေးဖွင့်ပြီး တွဲကတာက စိတ်ခံစားမှုမြင့်တက်စေသလို အချစ်ဟော်မုန်း အောက်ဆီတိုစင်အထွက်တိုးကာ ကြည်နူးပျော်ရွှင်စေပါတယ်။

Most Popular

Healthy Life Ad
To Top