Healthy Life Ad
Health Tips

ကိုယ်တွင်းအင်္ဂါများကို ကျန်းမာစေသည့် စူပါအစားအစာများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အောက်ပါအစားအသောက်တွေက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအသီးသီးကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိစေကြောင်း လေ့လာမှုအများအပြားအရ သိရှိရပါတယ်။

alignnone size-medium wp-image-63051
ဘလက်ဘယ်ရီသီးက ဦးနှောက်စွမ်းအားကို ကောင်းမွန်စေနိုင်

သဘာဝအတိုင်း ချိုမြိန်တဲ့ ဘလက်ဘယ်ရီသီးတွေမှာ အင်တီအောက်ဆီးဒင့်တွေနဲ့ ဗီတာမင်စီတို့ ပါဝင်တာကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်သလို ဦးနှောက်ရဲ ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်တိုးတက်စေပါတယ်။

alignnone size-medium wp-image-63052
ပန်းဂေါ်ဖီစိမ်းက ဆီးအိတ်ကို ကာကွယ်ပေးနိုင်

သင့်မိခင်က သင့်ကို ပန်းဂေါ်ဖီစိမ်းစားဖို့ တိုက်တွန်းလေ့ရှိပါသလား။ ဒါက သင့်ကျန်းမာရေးကို စောင့်ရှောက်မှုပေးနေတာပဲဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို သုပ်စားတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရန်ဟင်းလျာတစ်မျိုးဖြစ်ပြီး ဆီးအိတ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

alignnone size-medium wp-image-63053
ကြက်သွန်ဖြူက အူမကြီးကို အကာအကွယ်ပေးနိုင်

အင်တီအောက်ဆီးဒင့် အများအပြားပါဝင်တဲ့ ကြက်သွန်ဖြူလို အစာတွေက အရသာရှိရုံသာမက အူမကြီးအကျိတ်ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ကြက်သွန်ဖြူကို လှီးဖြတ်ပြီး အသုပ်တွေမှာ ထည့်စားပါ။

alignnone size-medium wp-image-63054
သလဲသီးက ရောင်ရမ်းမှုကို လျော့ကျစေနိုင်

သလဲသီးဖျော်ရည်က ခန္ဓာကိုယ်ထဲမှာကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှုကို လျော့ကျစေနိုင်သလို နှလုံးသွေးကြောရောဂါ ဖွံ့ဖြိုးမှုကိုလည်း တွန်းလှန်နိုင်ပါတယ်။ သလဲသီးဖျော်ရည်ကို သောက်တာကြောင့် စွမ်းအင်မြင့်တက်စေတဲ့အပြင် အရေးကြောင်းတွေကိုပါ တွန်းလှန်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-63055
အမည်းရောင်ချောကလက်က စိတ်ဖိစီးမှု လျော့ကျစေနိုင်

ကိုကိုး ၇၅ ရာခိုင်နှုန်းပါဝင်တဲ့ ချောကလက်ကို နေ့စဉ်အနည်းငယ်စီ စားတာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေကာ သွေးကြောပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

alignnone size-medium wp-image-63056
ခရမ်းချဉ်သီးက ကင်ဆာကို တွန်းလှန်ပေးနိုင်

အနီရောင်ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် အများအပြား ပါဝင်တဲ့အတွက် ကင်ဆာအမျိုးမျိုးဖြစ်နိုင်ခြေကို လျော့ကျစေသလို နှလုံးရောဂါဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။ လေ့လာမှုတွေအရ ခရမ်းချဉ်သီးကို ချက်လိုက်ရင် လိုင်ကိုပင်းဓာတ် ပိုမိုအစွမ်းရှိသွားစေကြောင်း သိရပါတယ်။

alignnone size-medium wp-image-63057
ပဲက ကိုယ်တွင်းစနစ်ကို သန့်စင်စေနိုင်

ပဲအမျိုးမျိုးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းဓာတ်ပါဝင်တဲ့အပြင် နှလုံးကျန်းမာစေတဲ့ အမျှင်ဓာတ်လည်း ပါဝင်တာကြောင့် ကိုယ်တွင်းစနစ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေပါတယ်။ ပဲမှာ ဗီတာမင်ဘီအုပ်စု အပြည့်အဝပါဝင်တာကြောင့် နှလုံးကို ကာကွယ်ပေးနိုင်ပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

alignnone size-medium wp-image-63058
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်က မျက်စိကို ကျန်းမာစေနိုင်

ဟင်းနုနယ်ရွက်၊ မုန်ညင်း၊ ကိုက်လန်တို့လို အစိမ်းရောင် ဟင်းရွက်တွေမှာ သံဓာတ်၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီနဲ့ အီး၊ ဖောလိတ်နဲ့ ကယ်လ်စီယမ်တို့ အပြည့်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သန်စွမ်းကျန်းမာစေပါတယ်။ အစိမ်းရောင်ဟင်းရွက်တွေမှာ လူတင်ဓာတ်လည်း ပါဝင်တာကြောင့် အသက်ကြီးတာနဲ့ ဆက်စပ်နေတဲ့ မက်ကူလာယိုယွင်းမှုနဲ့ အတွင်းတိမ်ရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

alignnone size-medium wp-image-63059
ငါးက နှလုံးကို ကျန်းမာစေနိုင်

ဆယ်လ်မွန်ငါးနဲ့ မက်ကရယ်ငါးတို့လို အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာ ပါဝင်တဲ့ ငါးတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပြီး ကိုယ်တွင်းရောင်ရမ်းမှုလျော့နည်းစေကာ ဦးနှောက်ရဲ ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ငါးမကြိုက်လို့ မစားရင် အခွံမာအစေ့အဆန်တွေကို စားပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top