Healthy Life Ad
International

အလွန်အကျွံ အိပ်စက်ခြင်းကြောင့် အိပ်မက်ဆိုးမက်နိုင်ခြေပိုများ

၊ မိုးမင်းထွန်း ၊

အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေဟာ လူ ၈၄၆ ဦးတို့ရဲ့ အရက်သောက်သုံးမှု ပမာဏ၊ အိပ်စက်ချိန်နာရီအရေအတွက်၊ ဘဝ အခက်အခဲတွေ၊ စိတ်ဖိစီးမှုဒဏ်ခံနိုင်မှုစတဲ့ အချက်တွေကို စုစည်းခဲ့ကြပါတယ်။ ပြီးနောက် ပါဝင်သူတွေရဲ့ အိပ်မက်ဆိုးမက်တဲ့ အရေအ တွက်၊ ပြင်းထန်မှုအနည်းအများစတဲ့ အချက်တွေအကြောင်း မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။

အချက်အလက်တွေအရ မအိပ်ခင်စိတ်ဖိ စီးပူပန်မှုရှိနေတာက အိပ်မက်ဆိုးမက်နိုင်ခြေပို များတာကို တွေ့ရှိခဲ့ပါတယ်။ အလွန်အကျွံအိပ် စက်တာကလည်း အလားတူအိပ်မက်ဆိုးပိုမက်စေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဘဝရဲ့အဆင်မပြေမှုတွေကြောင့်သာမကဘဲ တစ်ရက် ၉ နာရီထက် ပိုအိပ်စက်တာကြောင့်လည်း အိပ်မက်ဆိုးမက်စေတတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အချိန်ကြာကြာအိပ်စက်တာကြောင့် အိပ်မက်ဆိုးမက်လေ့ရှိတဲ့ REM (rapid eye movement) အဆင့်ကို အချိန်ကြာကြာဖြတ် သန်းရတာကြောင့် ဖြစ်နိုင်ခြေရှိကြောင်း သုတေသီတွေကပြောပါတယ်။ အိပ်မက်ဆိုးမက်တဲ့ အကြိမ်အရေအတွက်၊ ပြင်းထန်မှုအနည်းအများက စိတ်ပူပန်ဆင်းရဲတာ၊ ထင်ယောင်ထင်မှား ဖြစ်တာ၊ ယုံမှားသံသယလွန်ကဲတာတို့နဲ့ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ အရက်သောက် တာနဲ့အိပ်မက်ဆိုးမက်တာတို့ ဆက်စပ်မှုမရှိ ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။

(Ref; NS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top