Healthy Life Ad
Health Tips

အိမ်ထောင်သည်များ အစားသင့်ဆုံး သစ်သီးငါးမျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အိမ်ထောင်ရေးမှာ သာယာကြည်နူးဖွယ်ရာ အဆင်ပြေတဲ့ ဘဝမျိုးရရှိအောင် အောက်ပါသစ်သီးငါးမျိုးကို စားပေးသင့်ပါတယ်။

(၁) သလဲသီး

အိမ်ထောင်သည်တွေ အစားသင့်ဆုံး သစ်သီးတွေထဲမှာ သလဲသီးကလည်း ပါဝင်နေပါတယ်။ လေ့လာမှုတစ်ခုအရ သလဲသီးဟာ သွေးတိုးကိုကျစေပြီး နှလုံးရောဂါအန္တရာယ်ကိုလည်း လျော့ကျစေတယ်လို့ သိရပါတယ်။ သလဲသီးဖျော်ရည်ကို သောက်တာက ဆန္ဒအားကို ကောင်းစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ အကြောင်းကတော့ သလဲသီးစားတဲ့အခါ ခန္ဓာကိုယ်ထဲမှ နိုင်ထရစ်အောက်ဆိုက်ထွက်အောင် ကူညီပေးတာကြောင့် သွေးကြောတွေကိုကျယ်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေလို့ဖြစ်ပါတယ်။ သလဲသီးကို ဖျော်ရည်အဖြစ်ဖျော်ပြီး အေးခဲအောင်ပြုလုပ်ကာ သောက်နိုင်ပါတယ်။

(၂) သဖန်းသီး

သဖန်းသီးတွေက အမျိုးသားရော အမျိုးသမီးမှာပါ လိင်စိတ်အားကောင်းစေတဲ့ သစ်သီးပါ။ အကြောင်းကတော့ သဖန်းသီးမှာ အမိုင်နိုအက်စစ်ပါဝင်မှုမြင့်မားလို့ပါပဲ။ အမိုင်နိုအက်စစ်ဟာ ပုံမှန် Sex လုပ်ငန်းဆောင်တာတွေမှာပါဝင်ပြီး ခန္ဓာကိုယ်ထဲမှာ နိုက်ထရစ်အောက်ဆိုက်အဆင့်ကို တိုးစေပါတယ်။ သဖန်းသီးဟာ အာရုံခံစားမှုနဲ့စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့အတွက် အိမ်ထောင်ရေးမှာ အဆင်ပြေရတာဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။

(၃) ထောပတ်သီး

ထောပတ်သီးဟာ အိမ်ထောင်သည်တွေ စားသင့်တဲ့သစ်သီးပါ။ အကြောင်းကတော့ ထောပတ်သီးမှာ ဖောလစ်အက်စစ်မြင့်မားစွာပါဝင်တာကြောင့် ပရိုတင်းဓာတ်တွေကိုချေဖျက်ကာ စွမ်းအင်အထွက်တိုးစေပါတယ်။ ထောပတ်သီးမှာ ဗီတာမင် B6 လည်း ကောင်းကောင်းပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ပြီး တိုးလာတဲ့စွမ်းအင်ဟာ ကျားဟော်မုန်းတက်စတိုစတီရုန်းအဆင့်ကို အထွက်တိုးစေပါတယ်။ ထောပတ်သီးမှာ ပိုတက်စီယမ်ပါဝင်မှုလည်း မြင့်မားတာကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေ စားသင့်တာဖြစ်ပါတယ်။

(၄) ငှက်ပျောသီး

တစ်နေ့တာကို စတင်တဲ့ နံနက်ခင်းမှာ ငှက်ပျောသီးကို စားပေးပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ ဘရိုမီလိန်းအင်ဇိုင်းဟာ အိမ်ထောင်သည်တွေရဲ့ စိတ်ဆန္ဒကို တိုးမြင့်စေပါတယ်။ ငှက်ပျောသီးဟာ ပိုတက်စီယမ်ပါဝင်မှု အမြင့်မားဆုံးသစ်သီးထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပြီး ဗီတာမင်ဘီပါဝင်တာကြောင့် စွမ်းအင်အဆင့်ကို တိုးမြင့်စေပါတယ်။

(၅) စွန်ပလွံသီး

စွမ်းအင်လျော့ကျမှုနဲ့ လိင်စိတ်ဆုံးရှုံးမှုတို့ကို တွန်းလှန်နိုင်ဖို့ စွန်ပလွံသီးကိုစားပေးနိုင်ပါတယ်။ အမိုင်နိုအက်စစ်ပါဝင်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စွမ်းအင်ကိုတိုးစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top