Healthy Life Ad
Women

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်နိုင်ခြေ လျော့ကျစေရန်

၊ ငွေကြယ်စင်ယံ ၊

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ရတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတစ်ခုလို့ ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုဖြစ်တဲ့အတွက် Anti-Insulin Hormone (အင်ဆူလင်တားဟော်မုန်း)တွေ ထွက်လာပါတယ်။ အဲဒီဟော်မုန်းတွေ ထွက်လာတဲ့အတွက်ကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်လာတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါဖြစ်တာကြောင့် မိခင်နဲ့ကလေးတွေရဲ့ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရွေးချယ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင် စားသောက်မှုပုံစံက ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါဖြစ်ရင် ဂရုစိုက်ရမှာကတော့ ပုံမှန်ဆီးချိုသမားတစ်ယောက်လိုပဲ အစားအသောက်ကို ဆင်ခြင်ရပါမယ်။

– အရမ်းချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။

– ကိုယ်ဝန်ဆောင်တွေမှာတော့ တခြားဆီးချိုရောဂါရှင်တွေလို ဆီးချိုရောဂါရှိပေမယ့် ကာဗိုဟိုက်ဒရိတ်ကို သိပ်မလျှော့သင့်ပါဘူး။ ကလေးကြီးထွားမှုကို ထိခိုက်မှာစိုးလို့ပါ။ ကာဗိုဟိုက်ဒရိတ်ကို ပုံမှန်စားသင့်ပါတယ်။

– ကျန်းမာနေအောင် အသီးအရွက်ကို များများစားပေးပါ။ သစ်သီးဝလံတွေကို စားပေးပါ။

– ကိုယ်လက်လှုပ်ရှားမှု လုပ်သင့်ပါတယ်။ လမ်းလျှောက်တာကို ပုံမှန်လုပ်သင့်ပါတယ်။ ယောဂကျင့်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top