Healthy Life Ad
Health Tips

ကိုယ်အလေးချိန်လျော့ကျစေရန် စက်ဘီးစီးပါ

၊ ငွေကြယ်စင်ယံ ၊

နေခြည်နုနုထဲမှာ စက်ဘီးစီးပေးတာဟာ ကယ်လိုရီများစွာ လောင်ကျွမ်းစေပါတယ်။ သင်စီးတဲ့ စက်ဘီးစီးနှုန်းပေါ်မူတည်ပြီး ကယ်လိုရီလောင်ကျွမ်းနှုန်းက ကွာခြားသွားပါလိမ့်မယ်။

– တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၀ မိုင်အောက်နည်းရင် ၂၇၂ ကယ်လိုရီလောင်ကျွမ်းပါလိမ့်မယ်။

– တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၀-၁၂ မိုင်ကြားရှိရင် ၄၀၈ ကယ်လိုရီလောင်ကျွမ်းပါလိမ့်မယ်။

– တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၂-၁၄ မိုင်ကြားဖြစ်ရင် ၅၄၄ ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

– တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၄- ၁၆ မိုင်ကြားဖြစ်ရင် ၆၈၀ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

– တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၁၆- ၁၉ မိုင်ကြားဖြစ်ရင် ၈၁၆ ကယ်လိုရီ လောင်ကျွမ်းပါလိမ့်မယ်။

– တစ်နာရီမှာ စက်ဘီးစီးနှုန်းဟာ ၂၀ မိုင်ကျော်ရင် ၁၀၈၈ ကယ်လိုရီလောင်ကျွမ်းပါလိမ့်မယ်။

သင်ဟာ ကိုယ်အလေးချိန် လျော့ကျချင်တာကြောင့် စက်ဘီးစီးတဲ့လေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် မိနစ်၂၀-၃၀ လောက် စတင်လေ့ကျင့်ပေးပါ။ အစပိုင်းမှာ စက်ဘီးကို တစ်နာရီ ၁၀မိုင်နှုန်းလောက်ပဲ စီးသင့်ပြီး တစ်ပတ်လောက်ကြာမှ စက်ဘီးစီးနှုန်းကို တိုးတိုးသွားသင့်ပါတယ်။ ဒါဆိုရင် သင့်ကိုယ်အလေးချိန်က မြန်မြန်လျော့ကျသွားပြီး ပိုမိုသန်စွမ်းကြံ့ခိုင်လာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top