Healthy Life Ad
Health Tips

အရက်နာကျခြင်းအတွက် ငှက်ပျောသီး

၊ ငွေကြယ်စင်ယံ ၊

အယ်လ်ကိုဟောဟာ ဆီးသွားစေတဲ့ အစွမ်းရှိတာကြောင့် အရက်သောက်တာများရင် ရေ ဓာတ်ခမ်းခြောက်စေရုံသာမက နောက်တစ်နေ့ မနက်မှာ ခေါင်းမူး၊ ခေါင်းကိုက်တာနဲ့ ရီဝေဝေ မသက်မသာဝေဒနာ ဖြစ်တတ်ပါတယ်။ တကယ်တော့ ဒီလိုဖြစ်ရတာက သွေးတွင်းသကြားဓာတ် ရုတ်တရက် လျော့ကျသွားလို့ပါ။

ရေသောက်တာကြောင့် ရေဓာတ် ပြန်လည် ပြည့်ဝစေသလို ငှက်ပျောသီးစားတာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပါတယ်။

အသုံးပြုနည်း
ငှက်ပျောသီးက သွေးတွင်း သကြားဓာတ် ချက်ချင်းမြင့်တက်လာစေတဲ့ အာနိသင်ရှိသလို အယ်လ်ကိုဟောကြောင့် မအီမသာ ခံစားနေရတဲ့ အစာအိမ်အတွက်လည်း သင့်တော်ပါတယ်။ ဒါကြောင့် အရက်နာကျနေရင် ငှက်ပျောသီးတစ်လုံး စားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top