Healthy Life Ad
Health Tips

ကြက်သွန်ဖြူက ကိုလက်စထရော ကျစေသလား

မေး. သွေးတွင်း ကိုလက်စထရောကျအောင် ကြက်သွန်ဖြူစားပါလို့ ပြောကြပါတယ်။ မှန်ပါသလားရှင့်။
ဒေါ်တင်မေ၊ အလုံ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မှန်ပါတယ်။ ကြက်သွန်ဖြူက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောဓာတ်ကို ကျစေနိုင်ပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူစားပြီးရင် ပါးစပ်နံတတ်လို့ သွားတိုက်တာ၊ ပလုတ်ကျင်းတာတို့ လုပ်ပေးသင့်ပါတယ်။ ကိုလက်စထရောကျအောင် အဓိက ငါးများများစားပေးရပါမယ်။ ကြက်သွန်ဖြူစားပေးရပါမယ်။ ပြီးတော့ အခွံမာသီးနဲ့ အစေ့အဆန်တွေ များများစားပေးရပါမယ်။ အခွံမာသီးနဲ့အစေ့အဆန်တွေကို တစ်နေ့အများဆုံး ခြောက်စေ့လောက်ပဲ စားသင့်ပါတယ်။ သိပ်များသွားရင် ကယ်လိုရီများတတ်တဲ့အတွက် မစားသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top