———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———
သွေးတွင်းကိုလက်စထရော အဆီများနေသူတွေအနေနဲ့ နေထိုင်စားသောက်မှုပုံစံ ၅ ရပ်ကို ပြုပြင်ဖို့ လိုအပ်ပါတယ်။
(၁) နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ
တစ်နေ့မှာ မိနစ် ၃၀ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပေးပြီး တစ်ပတ် ၅ ရက်ခန့် လေ့ကျင့်ခန်းလုပ်ပေးတာက သွေးတွင်းကိုလက်စထရော အဆီကျစေပါတယ်။
(၂) သကြား၊ ဟင်းအနှစ်
သကြားများတဲ့ သရေစာတွေစားတာ၊ ထမင်းတွေအများကြီးကို ဟင်းအနှစ်နဲ့ နယ်ဖတ်စားတာတွေက ကိုလက်စထရောတက်စေလို့ ဆင်ခြင်သင့်ပါတယ်။
(၃) မကောင်းတဲ့အဆီကို ကောင်းတဲ့အဆီ အစားထိုးပါ
နှစ်ပြန်ကြော်စာတွေ၊ အခန်းအပူချိန်မှာ အေးခဲသွားတဲ့ ဆီတွေကို ဆင်ခြင်ပြီး ကောင်းတဲ့အဆီဖြစ်တဲ့ သံလွင်ဆီကို ဟင်းရွက်သုပ်တဲ့အခါ ဆမ်းပေးပါ။
(၄) သစ်သီးဝလံနဲ့ အခွံမာအစေ့အဆန်ကို သရေစာအဖြစ် စားပါ
ဗိုက်ဆာတဲ့အခါ သစ်သီးစားပေးပါ၊ အခွံမာအစေ့အဆန် လက်တစ်ဆုပ်စာခန့် စားပေးပါ။
(၅) ကိုလက်စထရောကျစေမယ့် အစာတွေကို အိမ်မှာထားပါ
♦ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ
♦ ဥအမျိုးမျိုး (ကိုလက်စထရောများနေရင် ဥအနှစ်ဆင်ခြင်ပါ)
♦ ပန်းဂေါ်ဖီစိမ်း
♦ မုန်လာဥနီ
♦ ဆန်လုံးညို၊ ပေါင်မုန့်ညို၊ ခေါက်ဆွဲညိုတို့လို အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံးအစာ
♦ ပန်းသီး
♦ ငှက်ပျောသီး
♦ လိမ္မော်သီး
♦ စပျစ်သီး
♦ ငါး
♦ အရေခွံမပါတဲ့ ကြက်သား
♦ ပဲအမျိုးမျိုး
♦ ထောပတ်သီး စတာတွေကို အိမ်မှာ ထားပြီး စားနိုင်ပါတယ်။