Healthy Life Ad
Health Tips

ဆယ်လ်မွန်ငါးစားခြင်းကြောင့်ရရှိသော အသားအရေလှပမှုဆိုင်ရာ အကျိုးကျေးဇူး

၊ ငွေကြယ်စင်ယံ ၊

ဆယ်လ်မွန်ငါးက ဈေးကွက်ထဲမှာ ပေါပေါများများမတွေ့ရပေမယ့် အဆင်သင့်ရနိုင်တဲ့ ငါးသေတ္တာဗူးတွေအနေနဲ့တော့ ရနိုင်ပါတယ်။ ဒါ့အပြင် တချို့စားသောက်ဆိုင်ကြီးတွေမှာ ဆယ်လ်မွန်ငါးဟင်းလျာတွေ ရနိုင်ပါတယ်။ ဆယ်လ်မွန်ငါးကိုစားတာကြောင့် အသားအရေကို လှပစေတယ်လို့ဆိုကြတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိတယ်ဆိုတာကို ရေးသားလိုက်ရပါတယ်။

– ဆယ်လ်မွန်ငါးမှာ ပရိုတင်းဓာတ် အများအပြားပါဝင်ပါတယ်။

– ဆယ်လ်မွန်ငါးကိုစားပေးရင် အရေပြားကိုတင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ ကီရာတင် ထုတ်လုပ်အားကို ကောင်းစေပါတယ်။

– မျက်နှာပေါ်မှာ သတိပြုမိလောက်အောင် ပေါ်လွင်ထင်ရှားနေတဲ့ အရေပြားအက်တာတွေ၊ အသားအရေခြောက်သွေ့တာတွေမဖြစ်စေဖို့ ဆယ်လ်မွန်ငါးက ကူညီနိုင်ပါတယ်။

– ဆယ်လ်မွန်ငါးကိုစားပေးရင် အရေးကြောင်းဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ အကြောင်းကတော့ အိုမီဂါ ၃ဖက်တီးအက်စစ် အများအပြားပါဝင်လို့ပါ။

– ဆယ်လ်မွန်ငါးဟာ အရေပြားရဲ့ ရေဓာတ်နဲ့အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်တဲ့စွမ်းအားကို ကောင်းမွန်စေပါတယ်။

– ဆယ်လ်မွန်ငါးကိုစားပေးရင် စိတ်ဓာတ်ကျတာ၊ အဆစ်တွေတောင့်တင်းနာကျင်တာနဲ့ ရာသီအကြိုဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆေးပညာလေ့လာမှုတွေအရ အတည်ပြုနိုင်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top