Healthy Life Ad
Life Style

မီးဖိုချောင်ထဲက အသားအရေနှင့် ဆံကေသာထိန်း ပစ္စည်းများ

၊လရိပ်မေ၊

အသားအရေနဲ့ဆံကေသာကို ဓာတုပစ္စည်းမပါတဲ့ သဘာဝပစ္စည်းတွေနဲ့ သဘာဝကျကျလှပအောင် ထိန်းသိမ်းနိုင်ဖို့ရာအတွက် မီးဖိုချောင်ကို အသုံးချနိုင်ပါတယ်။


– ဂျုံမှုန့်အကြမ်း
ဘာအတွက် ကောင်းသလဲ

ဂျုံမှုန့်အကြမ်းကို မွှေစက်ထဲမှာ အမှုန့်တွေ ဖြစ်တဲ့အထိ ကြိတ်ချေပြီး ချိုးရေထဲမှာ ထည့်ကာ ရေချိုးရင်း ပွတ်တိုက်ပေးပါ။ နှင်းခူနဲ့ အရေပြား ခြောက်သွေ့ယားယံတဲ့ ဝေဒနာ သက်သာစေနိုင်ပါတယ်။
အစားထိုးသုံးနိုင်တာက- အယားပျောက်စေတဲ့ ခရင်မ်အစား သုံးနိုင်ပါတယ်။


– ထောပတ်သီး
ဘာအတွက် ကောင်းသလဲ

ဆံပင်သားသန်စွမ်းပြီး ချောမွေ့စေဖို့အတွက် ထောပတ်သီးနဲ့ မရောနိစ် (Mayonnaise)တို့ သမမျှတတဲ့အထိ ရောမွှေပြီး ဆံပင်အနှံ့သုတ် လိမ်းပေးပါ။

အစားထိုးသုံးနိုင်တာက- ဆံပင် ကွန်ဒီရှင်နာအစား သုံးနိုင်ပါတယ်။ ဒါပေမဲ့ သင်က ဓာတ်မတည့်မှု ဖြစ်လွယ်ရင် အရင်ဆုံး စမ်းသပ်ပြီးမှသုံးပါ။


– သံလွင်ဆီ
ဘာအတွက် ကောင်းသလဲ

ဆံပင်သား ကြမ်းတမ်းကြေမွနေရင် သံလွင်ဆီကို လက်ဖဝါးထဲထည့်ပြီး ဆံပင်အနှံ့ လိမ်းပေးပါ။ အသားအရေ ပျော့ပျောင်းစေဖို့လည်း အရေပြားထဲ စိမ့်ဝင်အောင် လိမ်းပေးနိုင်ပါတယ်။
အစားထိုးသုံးနိုင်တာက- ဆံပင်ကွန်ဒီရှင်နာ၊ ခန္ဓာကိုယ်လိမ်းဆီ၊ လက်လိမ်းလိုးရှင်း စတာတွေ နေရာမှာ အစားထိုးသုံးပေးနိုင်ပါတယ်။


– သွားတိုက်ဆေး
ဘာအတွက် ကောင်းသလဲ

သွားတိုက်ဆေး အစက်အနည်းငယ်သုံးတာက တိရစ္ဆာန်ကိုက်တာကြောင့် အရေပြားယားယံတာနဲ့ နီမြန်းတာတို့ အပါအဝင် အရေပြား ပြဿနာအများစုကို သက်သာစေပါတယ်။ လက်သည်း၊ ခြေသည်းတွေပေါ်ကို သွားတိုက်ဆေး အနည်းငယ်ချပြီး ပွတ်တိုက်ပေးရင်လည်း လက်သည်း၊ ခြေသည်းတွေကို တောက်ပြောင်သန် စွမ်းစေပါတယ်။
အစားထိုးသုံးနိုင်တာက- ကလမင်းလိုးရှင်းအစား သုံးနိုင်ပေမယ့် ပြင်းထန်ဆိုးဝါးတဲ့ ဝက်ခြံဖုတွေကို တော့ မသုံးသင့်ပါဘူး။


– ဆား သို့မဟုတ် ပင်လယ်ဆား
ဘာအတွက် ကောင်းသလဲ

ရေချိုးကန်ထဲကို ဆား ဒါမှမဟုတ် ပင်လယ် ဆားတစ်ခွက်ထည့်ဖျော်ပြီး အရေပြားကို ပွတ် တိုက်ကြေးချွတ်ပေးပါ။
အစားထိုးသုံးနိုင်တာက- ဓာတုပစ္စည်းပါတဲ့ကြေး ချွတ်ပစ္စည်းတွေအစား ပင်လယ်ဆားကို အစားထိုးသုံးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top