Healthy Life Ad
Life Style

ကိုရီးယားမင်းသမီး စောအင်းယောင်၏ ငှက်ပျောသီးဖြင့် ကိုယ်အလေးချိန်လျှော့ချနည်း

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်အလေးချိန်များလာတဲ့အခါ ကိုယ့်ခန္ဓာကိုယ်အနေအထားနဲ့ပတ်သက်ပြီး စိတ်အလိုမကျ ဖြစ်လာတတ်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်ကို လျှော့ချချင်ပေမယ့် ဒီလိုလိုက်နာဖို့ ခက်ခဲနေကြပါတယ်။ ဒါကြောင့် ကိုရီယားမင်းသမီးစောအင်းယောင်ရဲ့ ငှက်ပျောသီးနဲ့ ကိုယ်အလေးချိန်လျှော့ချနည်းကို ဖော်ပြပေးလိုက်ပါတယ်။


ငှက်ပျောသီးအစွမ်း

ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာခြေဖျက်တဲ့ဖြစ်စဉ်ကို မြန်ဆန်စေပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးကြောင်း သီအိုရီတစ်ခုအရသိရပါတယ်။ တခြားသီအိုရီတစ်ခုအရ ငှက်ပျောသီးက ကြာကြာဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်းစေတယ်လို့ဆိုပါတယ်။

ငှက်ပျောသီးဖြင့် ဝိတ်ချနည်း

နံနက်စာအဖြစ် ငှက်ပျောသီး ၁-၂ လုံးစားပြီး ရေနှစ်ဖန်ခွက်သောက်လိုက်ပါ။ နေ့လယ်စာကိုတော့ သင်ကြိုက်ရာစားနိုင်ပါတယ်။ ဒါပေမဲ့ အဆီပါဝင်မှုများတဲ့ အစာကိုရှောင်ပါ။ ဒီကြားထဲဗိုက်ဆာရင် ငှက်ပျောသီးတစ်လုံးရဲ့ တစ်ဝက်ကနေ တစ်လုံးအထိစားနိုင်ပါတယ်။ ညစာကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေပဲစားပြီး ရှစ်နာရီမတိုင်ခင်စားပါ။ နံနက်စာအဖြစ် ငှက်ပျောသီးနဲ့ အဆီနည်းဒိန်ချဉ်ကို တွဲစားပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီလောင်ကျွမ်းမှုမြန်ဆန်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top