Healthy Life Ad
Q & A

ငရုတ်သီးအစပ် ပုံမှန်စားသူများ အသက်၁၀နှစ် ပိုရှည်နိုင်

၊ မိုးမင်းထွန်း ၊

ငရုတ်သီးအစပ်ကို ပုံမှန်စားသုံးပေးတာက လူ့သက်တမ်းကို ၁၃ ရာခိုင်နှုန်း ပိုရှည်စေနိုင်ကြောင်း အမေရိကန်သုတေသနတစ်ခုက ဆိုပါတယ်။ အစပ်စားသူတွေက အစပ်ရှောင်သူ တွေထက်စောစောသေဆုံး နိုင်ခြေ ၁၃ရာခိုင် နှုန်းလျော့နည်းကြောင်း သိရပါတယ်။ ဒီပမာဏက ဗြိတိန်လူမျိုးတွေရဲ့ ပျမ်းမျှသက်တမ်းနဲ့ နှိုင်းယှဉ်ရင် ၁၀ ဒသမ၅ နှစ်ဖြစ်ပါတယ်။

သုတေသီတွေက ၁၉၈၈ ခုနစ်ကနေ ၁၉၉၄ခုနှစ်အတွင်း လူ ၁၆၀ဝ၀ရဲ့ အစားအစာ၊ နောက်ခံအ ကြောင်းအရာနဲ့ ကျန်းမာရေးတွေကို စစ်တမ်းကောက်ခံခဲ့ကြပါတယ်။ နောက် ၁၈နှစ် ကျော်အထိ ပါဝင်သူတွေကို စစ်ဆေးခဲ့ကြပါတယ်။ အနီရောင်ငရုတ်သီးတွေကို ပုံမှန်စား သုံးသူတွေက သေဆုံးနှုန်း ၂၂ ရာခိုင်နှုန်း အောက်ရှိကြပြီး ရှောင်ကြဉ်ကြသူတွေက သေဆုံးနှုန်း ၃၃ရာခိုင်နှုန်းကျော်ရှိကြောင်း တွေ့ရှိ ခဲ့ပါတယ်။ ပါဝင်သူတချို့က ငရုတ်သီးကို အ စိမ်းစားကြပြီး တချို့က ချက်ပြုတ်ရာမှာထည့် သွင်းစားသုံးကြပါတယ်။

ဘယ်လိုစားသုံးသည်ဖြစ်ပါစေ၊ ငရုတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ဆိုပါတယ်။ ငရုတ်သီးဟာ ခန္ဓာကိုယ် အဆီလောင်ကျွမ်းမှုကို မြန်စေသလို သွားကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကို ယခင်ကတည်းက သိရှိထားကြပါတယ်။ ငရုတ်သီးမှာ ဗီတာမင် Pro-A၊ ဘီနဲ့ စီတို့အပြင် အင်တီအောက်ဆီးဒင့်နဲ့ အရောင်ကျစေတဲ့ အကျိုးကျေးဇူးရှိကြောင်းလည်း သိရပါတယ်။

(Ref; MR)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top